ရုပ်ရှင်သရုပ်ဆောင်ဖွေးဖွေးအပါအဝင် ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲဆိုခံထားရတဲ့ အနုပညာရှင် ၁၁ ဦးအား အမှုပိတ်သိမ်း ဟာသသရုပ်ဆောင်ဆင်မ လွတ်ငြိမ်းစာရင်းထဲပါလာ
ရုပ်ရှင်သရုပ်ဆောင်ဖွေးဖွေးအပါအဝင် ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲဆိုခံထားရတဲ့ အနုပညာရှင် ၁၁ ဦးအား အမှုပိတ်သိမ်း ဟာသသရုပ်ဆောင်ဆင်မ လွတ်ငြိမ်းစာရင်းထဲပါလာ
ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)နဲ့ တရားစွဲဆိုထားတဲ့
အနုပညာရှင် ၁၁ ဦးကို အမှုပိတ်သိမ်းပေးလိုက်တယ်လို့ စစ်ကောင်စီက ဒီကနေ့ ထုတ်ပြန်ပါတယ်။
စစ်တပ်ကအာဏာသိမ်းခဲ့တဲ့ ဖြစ်ရပ်အပေါ် ဆန့်ကျင်ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့အတွက် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က)နဲ့ တရားစွဲဆိုထားတဲ့ အနုပညာရှင် ၁၁ ဦးကို စစ်ကောင်စီက အမှုပိတ်သိမ်းပေးလိုက်တာ ဖြစ်ပါတယ်။
အမှုပိတ်သိမ်းခံရတဲ့ သရုပ်ဆောင်တွေကတော့ ဖွေးဖွေး၊ ဟေမာန်သူသူအောင်၊ ဘုဏ်းသိုက်၊ မယ်မင်းဘုံ၊ ဆုမွန်၊ နီနီခင်ဇော်၊ သီဟဖြိုး၊ ယွန်း၀တီလွင်မိုး၊ သဇင်ထူးမြင့်၊ ထက်ထက်ထွန်း၊ နန်းခင်ဇေယျာတို့ ဖြစ်ပါတယ်၊
ဒီကနေ့မှာ အမှုပိတ်သိမ်းတာတွေအပြင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုတဲ့သူစာရင်းမှာလည်း ဟာသသရုပ်ဆောင်ဆင်မ ပါဝင်လာတာကို တွေ့ရပါတယ်။
မနှစ်က ဩဂုတ်လမှ ဖမ်းဆီးခံရပြီး ထောင်ချခံထားရတဲ့ သရုပ်ဆောင် ဆင်မကတော့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်မှာ နောက်တစ်ကြိမ်ပြစ်မှုကျူးလွန်ရင် ၎င်းပြစ်ဒဏ်အပြင် အခုကျခံရန်ကျန်ရှိတဲ့ ပြစ်ဒဏ်ကိုပါ ဆက်လက်ကျခံရမယ်ဆိုတဲ့ ကန့်သတ်ချက်နဲ့ လွတ်ငြိမ်းခွင့် ရရှိခဲ့တာပဲ ဖြစ်ပါတယ်။
စစ်ကောင်စီက အကျဉ်းသား ၆၀၀၀ နီးပါးကို ဒီကနေ့ လွတ်ငြိမ်းခွင့်ပေးမယ်လို့ ကြေညာထားပါတယ်။



The Tanintharyi Times
