သရုပ်ဆောင်ရဲတိုက်ကို ထောင်ဒဏ် ၁၀ နှစ် အမိန့် ထပ်ချ
သရုပ်ဆောင်ရဲတိုက်ကို ထောင်ဒဏ် ၁၀ နှစ် အမိန့် ထပ်ချ
ဒီဇင်ဘာလကတည်းက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် အမိန့်ချမှတ်ခံထားရတဲ့ သရုပ်ဆောင် ရဲတိုက်ကို စစ်ကောင်စီတရားရုံးက ထောင်ဒဏ် ၁၀ နှစ် ဒီကနေ့ ထပ်ချလိုက်ပါတယ်။
ဒီဇင်ဘာလက ချမှတ်တဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ်ဟာ ပုဒ်မ ၅၀၅(က)အတွက်ပါ။
ဒီနေ့ ချမှတ်လိုက်တဲ့ ထောင်ဒဏ်ကတော့ ရဲတိုက်ကို ဖမ်းမိချိန်မှာ စိတ်ကြွဆေးပြား ၁၁ ပြားတွေ့ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပုဒ်မတပ်ထားတဲ့ မူးယစ်ဆေးဝါးဆိုင်ရာ ဥပဒေပုဒ်မ ၁၆(ဂ)နဲ့ ဒီဇင်ဘာလကမှ ထပ်တိုးတပ်လိုက်တဲ့ ပုဒ်မ ၂၃ တို့အတွက် ဖြစ်ပါတယ်။
ပုဒ်မ ၅၀၅(က)အတွက် ချတဲ့ထောင်ဒဏ်အတွက် သရုပ်ဆောင်ရဲတိုက်ဟာ အယူခံ မဝင်ခဲ့ပေမယ့် ဒီနေ့ အမိန့်ချလိုက်တဲ့ မူးယစ်အမှုကိုတော့ အယူခံဝင်မယ်လို့ သိရပါတယ်။
တရားရုံးမှာ ရုံးထုတ်စဉ် ရဲတိုက်ဟာ သုံးကြိမ်လောက် အော့အန်တာတွေ ဖြစ်ခဲ့တယ်လို့ သူ့နဲ့အနီးကပ် ဆက်ဆံရေးရှိတဲ့ မိတ်ဆွေတစ်ဦးက ပြောပြပါတယ်။
သရုပ်ဆောင် ရဲတိုက်ကို မနှစ်က ဧပြီ ၃ ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံမှာ ဖမ်းဆီးခဲ့ပြီး အင်းစိန်ထောင်တွင်းမှာ ချုပ်နှောင်ထားခဲ့တာ အခုဆိုရင် တစ်နှစ်ကျော် ရှိနေပြီ ဖြစ်ပါတယ်။
The Tanintharyi Times
