အဓမ္မဘက်တော်သားများကို အားနာနေတုန်းလား
အဓမ္မဘက်တော်သားများကို အားနာနေတုန်းလား
ရန်လိုမုန်းတီးနေရမှာမျိုး မဟုတ်ပေမယ့် အဓမ္မဘက်တော်သားတွေကို ထိုက်သင့်တဲ့ လူမှုပြစ်ဒဏ်လေးတော့ ပြည်သူတွေက ချမှတ်ပေးရမှာ မဟုတ်ပါလား။ နေရာတကာ အားနာပြီး မမှန်တဲ့လုပ်ရပ်မှန်း သိရဲ့သားနဲ့ လိုက်လျောဆက်ဆံမိတာမျိုးတွေ ပြုနေဖို့ မလိုပါဘူး။ ဓမ္မကို အမှန်တကယ် မြတ်နိုးတန်ဖိုးထားတယ်ဆိုရင် စွန့်လွှတ်အနစ်နာခံထားတဲ့ သူရဲကောင်းတွေကို ရဲရဲဝံ့ဝံ့ ချီးကျူးဂုဏ်ပြုဖို့ ဖေးမကူညီဖို့ လိုအပ်သလို မတရားမှုအားပေးတဲ့ လုပ်ရပ်မှာ ပါဝင်သူတွေကို ဖယ်ကျဉ်ရဲတဲ့ သတ္တိလည်း ရှိရပါမယ်။
The Tanintharyi Times
