အနောက်နိုင်ငံတွေရဲ့ ဖိအားတွေအောက်မှာ ရှိနေတဲ့ အီရန်ကိုအားပေးထောက်ခံသွားမယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင် ပြော
အနောက်နိုင်ငံတွေရဲ့ ဖိအားတွေအောက်မှာ ရှိနေတဲ့ အီရန်ကိုအားပေးထောက်ခံသွားမယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင် ပြော
တရုတ်သမ္မတ ရှီကျင့်ဖျင်က အနောက်နိုင်ငံတွေရဲ့ ဖိအားတွေကို ရင်ဆိုင်နေရတဲ့ အီရန်နိုင်ငံကို အားပေးထောက်ခံနေကြောင်း ဖေဖော်ဝါရီ ၁၄ ရက်နေ့က အီရန်သမ္မတ အီဘရာဟင် ရိုင်ဆီရဲ့ ပေကျင်း အလည်အပတ် ခရီးစဥ်မှာ ပြောကြားခဲ့ပါတယ်။
နိုင်ငံတွင်း နျူကလီးယား တည်ဆောက်မှုနဲ့ ပတ်သက်ပြီး အီရန်နိုင်ငံကို အနောက်နိုင်ငံတွေက ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ထားတာကြောင့် အီရန်( တီဟီရန်) အနေနဲ့ တရုတ် (ပေကျင်း) နဲ့ ရုရှား (မော်စကို) တို့နဲ့ ဆက်ဆံရေး ပိုမို ခိုင်မာအားကောင်း ချဲ့ထွင်နေချိန်မှာ အခုလို အားပေးခဲ့တာပဲဖြစ်ပါတယ်။
အီရန်နိုင်ငံက ရုရှားသမ္မတ ဗလာဒီမာပူတင်ကို စစ်ရေးဆိုင်ရာ ဒရုန်းတွေ ထောက်ပံ့ပေးထားတာဖြစ်ပြီး ဒါတွေကို ရုရှား-ယူကရိန်းစစ်ပွဲ မတိုင်ခင် ပေးအပ်ခဲ့တာလို့ ပြောပါတယ်။
ရှီကျင့်ဖျင် နဲ့ ရိုင်ဆီတို့ရဲ့ ယခုလို တွေ့ဆုံပွဲမှာတော့ ရုရှားရဲ့ ယူကရိန်းအပေါ် ကျူးကျော်စစ်နဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ခြင်း ရှိ၊ မရှိ ကို ထုတ်ပြန်ခြင်း မရှိပါဘူး ။
တရုတ်သမ္မတ ရှီကျင့်ဖျင်က သူ့ရဲ့ နိုင်ငံပိုင် ဝဘ်ဆိုက်က ထုတ်လွှင့်တဲ့ ရုပ်သံသတင်းမှာတော့ “နိုင်ငံတော်ရဲ့ ကိုယ်ပိုင် အချုပ်အခြာအာဏာကို ကာကွယ်ရာမှာ အီရန်ကို တရုတ်က ထောက်ခံနေမှာ ဖြစ်ပြီး တစ်ဖက်စွန်းရောက်မှုတွေနဲ့ အနိုင်ကျင့်မှုတွေကို တွန်းလှန်သွားမှာပါ” ကြေညာခဲ့ပါတယ်။
ရှီကျင့်ဖျင် နဲ့ ရိုင်ဆီ တို့ဟာ ကုန်သွယ်မှု နဲ့ ခရီးသွားလုပ်ငန်း အပါအဝင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် အခု (၂၀) ကို လက်မှတ်ရေးထိုးခဲ့တယ်လို့ တရုတ်အစိုးရက ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ၂၀၂၁ ခုနှစ်က သဘောတူစာချုပ် ချုပ်ဆိုခဲ့တဲ့ ရေနံ၊ စက်မှုလုပ်ငန်းနဲ့ အခြားနယ်ပယ်တွေမှာ အတူလက်တွဲဆောင်ရွက်ရေး ၂၅ နှစ်စာ မဟာဗျူဟာသဘောတူညီချက်ကိုလည်း ထည့်သွင်းဖော်ပြခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ အီရန်ရဲ့ ရေနံကို အများဆုံး ဝယ်ယူသူဖြစ်ပြီး အဓိက ရင်းနှီးမြှုပ်နှံသူလည်း ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ နှစ်များစွာကတည်းက အီရန်ကို နျူလက်နက်ထုတ်ဖို့ ကြိုးပမ်းမှုနဲ့ ဝါရှင်တန်အပါအဝင် အနောက်နိုင်ငံတွေက ကုန်သွယ်ရေး နဲ့ ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ခဲ့ကြတာပါ။ အီဟီရန် အစိုးရကတော့ အဆိုပါ စွပ်စွဲမှုကို မမှန်ကန်ကြောင်း ငြင်းဆိုထားပါတယ်။
၂၀၁၈ ခုနှစ်မှာ ကမ္ဘာလုံးဆိုင်ရာ ဘဏ်လုပ်ငန်း ကွန်ယက်ထဲကို အီရန်ကို ပါဝင်ခွင့်မပြုဖို့ အမေရိကန်အစိုးရက တားမြစ်ခဲ့ပါသေးတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ Ned Price က အီရန်အပေါ် သြဇာလွှမ်းမိုးပြီး ဒေသအတွင်း ခြိမ်းခြောက်နေမှုတွေကို လျှော့ချပစ်ဖို့ တရုတ်ကို တိုက်တွန်းကာ “ဒီလုပ်ရပ်မျိုးဟာ ကျွန်ုပ်တို့ နှစ်ဦးနှစ်ဖက် အကျိုးစီးပွားအတွက် ဖြစ်လိမ့်မယ်” ဟု ပြောကြားခဲ့ပါတယ်။
ရှီက “ပေကျင်းအနေနဲ့ အီရန်ရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ပြီး နိုင်ငံ လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ပျက်ပြားအောင်လုပ်နေတဲ့ ပြင်ပ အင်းအားစု တွေကို ဆန့်ကျင်သွားမှာဖြစ်တယ်” လို့ အစိုးရထုတ်ပြန်ချက်မှာ ရေးသား ဖော်ပြထားပါတယ်။
ဒါ့အပြင် တရုတ်နိုင်ငံက ထုတ်ပြန်ချက်ထဲမှာတော့ ရှီကျင့်ဖျင် အနေနဲ့ နှစ်နိုင်ငံရဲ့ အဓိက အကျိုးစီးပွားတွေကို တစ်ဦးနဲ့တစ်ဦး ပံ့ပိုးကာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကတိပြုခဲ့ကြောင်း ရေးသားထားပေမဲ့ အသေးစိတ်ကိုတော့ တင်ပြထားခြင်းမရှိပါဘူး။
အီရန်ရဲ့ ရိုင်ဆီအစိုးရဘက်က တွေ့ဆုံမှုနဲ့ ပတ်သက်ပြီး အသေးစိတ် မထုတ်ပြန်ပေမဲ့ အာဏာရကွန်မြူနစ်ပါတီသတင်းစာ People’s Daily ရဲ့ ဖော်ပြချက်ထဲမှာ ရိုင်ဆီက သူတို့အစိုးရ နှစ်ဖွဲ့ကို “အကျပ်အတည်းကြားထဲက မိတ်ဆွေတွေ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။
Connect Burma
Ref: AP
The Tanintharyi Times
