ချောင်းကြည့် ကြေကွဲ
ချောင်းကြည့် ကြေကွဲ
ပြောထားတဲ့ ရုံးထုတ်ရက် ဒါမှမဟုတ် ထောင်ဝင်စာလာပို့တဲ့ရက်ကို ရောက်ပြီဆိုရင် ထရံပေါက်ကလေးတွေမှာ ချောင်းကြည့်သူတွေဟာ တန်းစီလို့နေပါတယ်။ သူတို့အိမ်ကနေ လာကြတဲ့ မိသားစုတွေကို မြင်သော်မြင်ငြားပါပဲ။
ဟိုတစ်ယောက်ကတော့ အိမ်သူဇနီးလေလား၊ ဟိုတစ်ယောက်ကဖြင့် မိခင်လေလား၊ ကလေးလေးတွေဟာ သမီးလေးတွေလား၊ သားတွေလား မကွဲမပြားနဲ့ ခန့်မှန်းနေကြရပါတယ်။
တူသလိုလို၊ မတူသလိုလို။ ကိုယ်ခန္ဓာပုံပန်းနဲ့ ဟန်ပန်တွေကို သုံးသပ်ရ၊ အဝတ်အစား အရောင်တွေကို အကဲခတ်ရနဲ့ပါပဲ။ ဒီကြားထဲမှာ မျက်လုံးမကောင်းသူတွေကတော့ ဘာမှမတတ်နိုင်။
The Tanintharyi Times
