NUG သုံးသပ်ဆင်ခြင်ရမယ့် အကျိုးအကြောင်း
NUG သုံးသပ်ဆင်ခြင်ရမယ့် အကျိုးအကြောင်း
တကယ်တမ်းမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ပတ်သက်လို့ အားနည်းချက်နဲ့ ပထဝီ နိုင်ငံရေးအရ အိမ်နီးချင်း အင်အားကြီးနိုင်ငံနှစ်ခုရဲ့ စူပါပါဝါအားပြိုင်မှုကြား အကျိုးစီးပွားကြားညပ်နေတဲ့ နိုင်ငံအနေနဲ့ မူဝါဒချိန်ခွင်လျှာညှိနှိုင်းရေးဗျူဟာကို ပိုမိုလုပ်ဆောင်ဖို့ လိုအပ်တဲ့အကြောင်း ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းလောက် ကစပြီး ပညာရှင်တွေက သုံးသပ်အကြံပြုခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ ရေလိုက်လွဲမှုလို့ပဲ ဆိုရမလား၊ ဒါမှမဟုတ် မြန်မာ့ဒီမိုကရေစီအရေးအတွက် ဒီမိုကရေစီနိုင်ငံတွေရဲ့ အသိအမှတ်ပြုမှုက ပိုအရေးကြီးတယ်လို့ မှတ်ယူတဲ့အတွက်ကြောင့်လား၊ ဘယ်လိုအကြောင်းရယ်လို့ မသေချာပေမဲ့ Legitimacy (တရားဝင်အသိအမှတ်ဖြစ်မှု) အတွက် အမျိုးသားညီညွတ်ရေးအစိုးရဟာ အရှေ့ဝါဒထက် အနောက်ဝါဒဘက်ကို ပိုပြီး ယိမ်းခဲ့တဲ့အချက်ပါပဲ။
The Tanintharyi Times
