စစ်ကောင်စီက PDF တွေကိုနာမည်ဖျက်ဖို့ အကြမ်းဖက်မှုတွေလုပ်ဆောင်နိုင်လို့ သပိတ်မျှောပွဲမသွားကြဖို့ ရေဖြူ (ပကဖ) သတိပေး
စစ်ကောင်စီက PDF တွေကိုနာမည်ဖျက်ဖို့ အကြမ်းဖက်မှုတွေလုပ်ဆောင်နိုင်လို့ သပိတ်မျှောပွဲမသွားကြဖို့ ရေဖြူ (ပကဖ) သတိပေး
စစ်ကောင်စီက ပြည်သူ့ကာကွယ်ရေးတပ်တွေကို နာမည်ဖျက်ဖို့ အကြမ်းဖက်မှုတွေလုပ်ဆောင်နိုင်လို့ ပြည်သူတွေအနေနဲ့ သပိတ်မျှောပွဲမသွားကြဖို့ ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က အသိပေးမေတ္တာရပ်ခံထားပါတယ်။
စစ်ကောင်စီနဲ့သူတို့ရဲ့ဘက်တော်သားတွေဟာ ဘာသာရေးကို ခုတုံးလုပ်ပြီး ရေဖြူမြို့နယ်မှာ သပိတ်မျှောပွဲတော်ကို ကျင်းပဖို့ စီစဥ်နေတယ်လို့ထုတ်ပြန်ချက်အရ သိရပါတယ်။
အဲဒီစီစဥ်နေတဲ့ပွဲတော်မှာ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ ပြည်သူကြားသွေးကွဲအောင် စစ်ကောင်စီဘက်ကလုပ်ဖို့ ကြံစည်နေကြောင်း အတွင်းသတင်းတွေအရသိရတယ်လို့ ရေဖြူပကဖ ထုတ်ပြန်ချက်မှာရေးသားထားတာပါ။
အဲဒါကြောင့် သူတို့စီစဥ်တဲ့သပိတ်မျှောပွဲကို သွားရောက်ဆင်နွှဲတာမပြုလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။
“စစ်ကောင်စီဘက်က ရေဖြူမြို့နယ်အတွင်းမှာ PDFကိုစွပ်စွဲပြီး သူတို့ဘက်ကအကြမ်းဖက်သတ်ဖြတ်သွားတဲ့ဖြစ်စဥ်တွေရှိခဲ့တယ်။ ဆိုတော့ အခုလည်း ကြားတဲ့သတင်းအတိုင်း တကယ်ဖြစ်လာနိုင်တယ်။ ဒါကြောင့်စုဝေးပြီးကျင်းပတာတွေမလုပ်တာအကောင်းဆုံးပါပဲ” လို့ ရေဖြူပကဖအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
ထားဝယ်ခရိုင်အတွင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း စစ်ကောင်စီကျင်းပတဲ့သပိတ်မျှောပွဲတွေကိုမသွားရောက်ဖို့ မေတ္တာရပ်ခံသတိပေးထားပါတယ်။
The Tanintharyi Times
