လာဘ်စားမှုဖြစ်ပေါ်နေတဲ့ နိုင်ငံကူးလက်မှတ် လျောက်ထားရေး အွန်လိုင်း ရက်ချိန်း Bookingစနစ်ရပ်နား

လာဘ်စားမှုဖြစ်ပေါ်နေတဲ့ နိုင်ငံကူးလက်မှတ် လျောက်ထားရေး အွန်လိုင်း ရက်ချိန်း Bookingစနစ်ရပ်နား

ရန်ကုန်မြို့က နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး (ပုံဟောင်း)/Jacob Goldberg

မြန်မာနိုင်ငံ ၊ ရန်ကုန်မြို့က နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးရဲ့ နိုင်ငံကူးလက်မှတ် လျောက်ထားရေး အွန်လိုင်း ရက်ချိန်း Bookingစနစ်ကို ဒီကနေ့ (ဒီဇင်ဘာလ ၅ရက်) စတင်ရပ်နားလိုက်တယ်လို့ စစ်ကောင်စီလက်အောက်မှာရှိတဲ့ အဆိုပါရုံးက ထုတ်ပြန်ကြေညာပါတယ်။

လက်ရှိအသုံးပြု့နေတဲ့ Online Booking စနစ်ကို ရပ်နားလိုက်တာဖြစ်ပြီး နိုင်ငံကူးလက်မှတ် ပါတ်စပို့စ် လျောက်ထားသူတွေ အဆင်ပြေစေဖို့ Online Booking စနစ်ကို ကာယကံရှင်တွေကိုယ်တိုင် ၂၄ နာရီ ပါတ်လုံး ပိတ်ရက်မရှိ လွယ်ကူစွာလျှောက်ထားနိုင်ဖို့ ပြင်ဆင်ရေးဆွဲနေတယ်လို့ အဆိုပါရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံကူးလက်မှတ်ပြု့လုပ်ဖို့အတွက် ရုံးကို ဝင်ခွင့်ရဖို့ ရက်ချိန်းယူတဲ့ QR code Online Booking စနစ်ဟာ ခက်ခဲနေပြီး ကာယကံရှင်တွေကိုယ်တိုင် လုံးဝBookingယူလို့မရတော့တဲ့အနေအထားတွေဖြစ်ပေါ်နေပြီး ဒါကိုဆောင်ရွက်ပေးနေတဲ့ ပွဲစားလောကမှာ စျေးနှုန်းအဆမတန်မြင့်တက်နေခဲ့တယ်လို့ နီးစပ်သူတွေဆီက သိရှိရပါတယ်။

ရုံးတွင်းဌာနပိုင်းက အရာရှိကြီးတွေရဲ့ နီးစပ်သူတွေကတဆင့် လုပ်ဆောင်ပေးနေတဲ့ QR Code ရက်ချိန်း Bookingတစ်စောင်ကို ကျပ်ငွေ ၁သိန်းခွဲကနေ ၁သိန်း၈သောင်းအထိစျေးပေးနေရတယ်လို့ ကာယကံရှင်တွေရဲ့ ပြောဆိုချက်ကို Connect Burma က အတည်ပြု့ဖို့ကြိုးစားခဲ့ရာမှာတော့ အမည်မဖော်လိုတဲ့ ရန်ကုန် နိုင်ငံကူးလက်မှတ်လျောက်ထားရေးရုံးက ဝန်ထမ်းတစ်ဦးက ဟုတ်မှန်ကြောင်း အတည်ပြုပါတယ်။

ရန်ကုန် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှာ နိုင်ငံကူးလက်မှတ်လျောက်ထားသူတွေကို ပွဲစားတွေကတဆင့် ပါတ်စပိုစ့်အမြန်ရရှိရေး ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်ပေးနေရာမှာ ၄သိန်းခွဲကနေ ၅သိန်းအထိ စျေးနှုန်းတွေဖြစ်ပေါ်နေတယ်လို့ ပွဲစားလောကမှာ ဆောင်ရွက်ပေးနေသူတစ်ဦးက ဆိုပါတယ်။

အရင်က အွန်လိုင်းရက်ချိန်းယူတဲ့ Online Booking စနစ်ကို မနက် ၉နာရီ ရုံးဖွင့်ချိန်ကစလို့ ရုံးWebsiteကနေတဆင့် ကာယကံရှင်ကိုယ်တိုင်ရယူနိုင်ခဲ့ပေမယ့် တဆင့်ခံဆောင်ရွက်ပေးတဲ့ ပွဲစားလောကမှာ စျေးနှုန်းတွေမြင့်တက်လာချိန်မှာတော့ ရက်ချိန်းဝင်ယူဖို့မလွယ်ကူတော့ကြောင်း ကာယကံရှင်တွေက ဆိုပါတယ်။

“ဘယ်လိုမှ ယူလို့မရဘူး ၊ ဝက်ဘ်ဆိုဒ်ထဲတောင်ဝင်မရဘူး၊ ဝင်လို့ရဖို့စောင့်ရင်းနဲ့ ဝင်ရတော့ ရက်ချိန်းကပြည့်နေပြီ၊ တောတော်ခက်ခဲတယ်”လို့ ရန်ကုန်ပါတ်စပို့စ်ရုံးမှာ Online Booking ရယူဖို့ ကြိုးစားခဲ့သူတစ်ဦးက ဆိုပါတယ်။

အဆိုပါ Online Bookingစနစ်ကို ဌာနတွင်းက ဝန်းထမ်းတွေ လာဘ်ငွေရယူကာ ချုပ်ကိုင်လာပြီးနောက် လုံးဝ ရက်ချိန်းယူလို့မရတော့ကြောင်းလည်း တစ်ဆင့်ခံဆောင်ရွက်ပေးနေတဲ့ ပွဲစားတစ်ဦးက Connect Burma ကိုပြောပါတယ်။

“သူတို့က Serverကို ကိုင်ထားပြီး သူတို့ကိုယ်တိုင်ယူပေးနေတာ၊ သူတို့နဲ့ ဆက်သွယ်ပြီးလုပ်ရင် ကိုယ်လိုချင်တဲ့ ရက်ယူလို့ရတယ်။ တစ်ချို့အမြန်လိုလို့ လုပ်ပေးရရင်သူတို့နဲ့ဘဲ ချိတ်ဆက်ရတယ်။ QR တစ်စောင်အတွက် ၁သိန်းခွဲလောက်အထိသူတို့ကို ပေးရတယ်” လို့ ဆိုပါတယ်။

အခုလို လာဘ်စားမှုတွေဖြစ်ပေါ်နေတဲ့ ရန်ကုန်မြို့က နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးရဲ့ အွန်လိုင်း QR Code Booking စနစ် ရက်ချိန်းရယူမှုကိုတော့ ဒီကနေ့မှာ ရပ်နားလိုက်ပြီးလို့ ထုတ်ပြန်လာတာပဲဖြစ်ပါတယ်။

The Tanintharyi Times