ရေဖြူမှာ ဒေသခံတစ်ဦးကို စစ်တပ်ကားနဲ့ လာတဲ့ လက်နက်ကိုင် အရပ်ဝတ်တွေ သေနတ်နဲ့လာရောက်ပစ်ခတ်
ရေဖြူမှာ ဒေသခံတစ်ဦးကို စစ်တပ်ကားနဲ့ လာတဲ့ လက်နက်ကိုင် အရပ်ဝတ်တွေ သေနတ်နဲ့လာရောက်ပစ်ခတ်
ရေဖြူမြို့နယ်၊ ပုဂေါဇွန်းကျေးရွာအုပ်စု သဗြေဇွန်းကျေးရွာမှာ ဒေသခံတစ်ဦးကို လက်နက်ကိုင်အရပ်ဝတ်တွေ စစ်တပ်ကားနဲ့ရောက်ရှိလာပြီး သေနတ်နဲ့ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒီနေ့နေ့လယ်(၁၂)ခွဲဝန်းကျင်မှာ သဗြေဇွန်းရွာခံဦးအောင်အောင်အိမ်ရှေ့ကို ကားတစ်စီး ရောက်လာခဲ့ပြီး သေနတ်တွေကိုင်ထားတဲ့ အရပ်ဝတ်နဲ့လူ(၅)ဦးက ကားပေါ်ကပြေးဆင်းလာတယ်လို့သိရပါတယ်။
အဲဒီလူ(၅)ဦးက ဦးအောင်အောင်နေတဲ့အိမ်ကို လာဝိုင်းတဲ့အချိန်မှာ ထွက်ပြေးခဲ့လို့ သေနတ်နဲ့လိုက်လံပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။
သေနတ်နဲ့လိုက်ပြီးပစ်ခတ်ခဲ့ပေမယ့် ဦးအောင်အောင်လွတ်မြောက်သွားခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။
သေနတ်ကိုင်အရပ်ဝတ်တွေဟာ ဦးအောင်အောင်ရဲ့နေအိမ်ထဲကိုဝင်ရောက်ရှာဖွေပြီး ဖုန်းကိုသိမ်းဆည်းကာ ဆိုင်ကယ်ကိုကားပေါ်တင်သွားခဲ့တယ်လို့သိရပါတယ်။
အဲဒီကားက ရွာအဝင်ဝမှာလူ(၂)ဦး လုံခြုံရေးချထားခဲ့ပြီမှဦးအောင်အောင်ကို သေနတ်နဲ့လာရောက်ပစ်ခတ် ခဲ့တယ်လို့ ရွာခံတွေကအတည်ပြုပြောပါတယ်။
သဗြေဇွန်းရွာသားဦးအောင်အောင်ဟာ ပရိဘောဂ လုပ်တဲ့သာမန်အရပ်သားလက်သမားတစ်ဦးသာဖြစ်ပြီး အခုလိုအကြောင်းမဲ့လာရောက်ပစ်ခတ်မှုအပေါ် ရွာခံတစ်ချို့ကမေးခွန်းထုတ်နေကြပါတယ်။
