လောင်းလုံးမြို့က နေအိမ်တွေကို စစ်တပ်က ညဘက် ဝင်ရောက်ပြီး ပြည်သူ ၇ ဦးထက်မနည်း ဖမ်းဆီးခဲ့
လောင်းလုံးမြို့က နေအိမ်တွေကို စစ်တပ်က ညဘက် ဝင်ရောက်ပြီး ပြည်သူ ၇ ဦးထက်မနည်း ဖမ်းဆီးခဲ့
လောင်းလုံးမြို့ပေါ်က နေအိမ်တွေကို စစ်ကောင်စီတပ်က ညဘက်ဝင်ရောက်ပြီး ပြည်သူ ၇ ဦးထက်မနည်း ဖမ်းဆီးခဲ့တယ်လို့ လောင်းလုံးမြို့နယ်သပိတ်ကော်မတီက ထုတ်ပြန်ပါတယ်။
အောက်တိုဘာလ ၂၁ ရက် ည ၈ နာရီကနေ ၁၀ နာရီခွဲလောက်အထိ နေအိမ် ၁၅ အိမ်ကို စစ်ကောင်စီတပ်ဖွဲ့တွေ ဝင်ရောက်ရှာဖွေခဲ့ပြီး အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၃ ဦးဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
လောင်းလုံးမြို့ကို စစ်ကောင်စီတပ်သားအင်အား ၅၀ ဝန်းကျင်လောက် မနက်ပိုင်းမှာ ရောက်ရှိလာပြီးမှ ညဘက်မှာ လောင်းလုံးမြို့မရဲစခန်းကရဲတွေနဲ့ပူးပေါင်းကာ အခုလိုနေအိမ်တွေ ဝင်ရောက်ရှာဖွေ ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့တာပါ။
စစ်ကောင်စီတပ်သားတွေဟာ ဆက်ပြီး ရှာဖွေဖမ်းဆီးတာတွေလုပ်ဆောင်ဖို့ကြိုးစားနေတဲ့အတွက် ပြည်သူတွေအနေနဲ့ လုံခြုံရေးသတိပြုကြဖို့ ကိုလည်း လောင်းလုံးမြို့နယ် သပိတ်ကော်မတီကတိုက်တွန်းထားပါတယ်။
The Tanintharyi Times
