မွန်ပြည်နယ်မှာ စစ်ကောင်စီယာဥ်တန်း နှစ်ကြိမ်တိုက်ခိုက်ခံရပြီး ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံး
မွန်ပြည်နယ်မှာ စစ်ကောင်စီယာဥ်တန်း နှစ်ကြိမ်တိုက်ခိုက်ခံရပြီး ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံး
မွန်ပြည်နယ်မှာ ကားဆယ်စီးပါ စစ်ကောင်စီယာဥ်တန်းဟာ နှစ်ကြိမ် တိုက်ခိုက်ခံခဲ့ရပြီး စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်းထိခိုက်သေဆုံးခဲ့တယ်လို့ တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့က ဒီကနေ့ ထုတ်ပြန်ပါတယ်။
အဲဒီယာဥ်တန်းဟာ သံဖြူဇရပ်မြို့ကနေ ရေးမြို့ဘက်ကို ဖြတ်သန်းမောင်းနှင်လာချိန် မနေ့က မနက်ပိုင်းမှာ နှစ်ကြိမ်တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး ကားတစ်စီးလည်းပျက်စီးခဲ့တယ်လို့သိရပါတယ်။
နံနက် ၉ နာရီခွဲဝန်းကျင်ကသံဖြူဇရပ်မြို့နယ်၊ ရွာသာအေးရွာအနီး ဇင်ပြွန်းပင်ဇရပ်အရှေ့မှာ တစ်ကြိမ်၊ နံနက် ၁၀ နာရီဝန်းကျင်က ရေးမြို့နယ်၊ ကနင်ကမော့ရွာနဲ့ အောင်သာယာရွာကြား ပရာသားတံတားအနီးမှာတစ်ကြိမ် ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ရေးသားဖော်ပြထားပါတယ်။
တိုက်ခိုက်မှုအပြီးမှာ တောင်ညိုပြည်သူ့ပြောက်ကျား တပ်ဖွဲ့ဝင်တွေအနေနဲ့ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
မွန်ပြည်နယ် တောင်ညိုပြည်သူ့ပြောက်ကျား တပ်ဖွဲ့ဟာ သံဖြူဇရပ်မြို့ နဲ့ ရေးမြို့နယ်တစ်လျှောက်ဖြတ်သန်းသွားလာနေတဲ့ စစ်ကောင်စီယာဥ်တန်းမှန်သမျှကို မကြာခဏ ခြုံခိုတိုက်ခိုက်လေ့ရှိတဲ့အဖွဲ့တစ်ခုဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ကလည်း စစ်ကောင်စီယာဥ်တန်းတစ်ခုကို တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
The Tanintharyi Times
