စစ်အုပ်စုအတွက် လက်နက်ဝယ်ပေးနေတဲ့ ခရိုနီတွေကို ဒေါ်နယ်ထရမ့်အစိုးရ ဆန်ရှင်ကနေ ဖယ်ရှား
စစ်အုပ်စုအတွက် လက်နက်ဝယ်ပေးနေတဲ့ ခရိုနီတွေကို ဒေါ်နယ်ထရမ့်အစိုးရ ဆန်ရှင်ကနေ ဖယ်ရှား
စစ်အုပ်စုနဲ့ နက်နက်ရှိုင်းရှိုင်းပတ်သက်ဆက်နွယ်မှုရှိတဲ့ ခရိုနီ လက်နက်ပွဲစား တွေဖြစ်တဲ့ ဂျွန်နသန် မျိုးကျော်သောင်း၊ အောင်လှိုင်ဦး၊ စစ်တိုင်းအောင် နဲ့ တင်လတ်မင်းတို့ကို ဒေါ်နယ်ထရမ့် အစိုးရက အမေရိကန်က စီးပွားရေးပိတ်ဆို့မှုတွေက ဖယ်ရှားပေးလိုက်ပါတယ်။
KT Services & Logistics ကုမ္ပဏီပိုင်ရှင် ဂျွန်နသန် မျိုးကျော်သောင်း၊ MCM Group ကုမ္ပဏီပိုင်ရှင် အောင်လှိုင်ဦး၊ Suntac Technologies ကုမ္ပဏီပိုင်ရှင် စစ်တိုင်းအောင်၊ ATOM တယ်လီဖုန်း အော်ပရော ပိုင်ရှင် ဒေါ်တင်လတ်မင်းတို့ကို ထရမ့်အစိုးရရဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက ဆန်ရှင်ကနေဖယ်ရှားလိုက်တာပါ။
ဒေါ်တင်လတ်မင်းဟာ ရွှေဗျိုင်းဖြူ ကုမ္ပဏီပိုင်ရှင်သိန်းဝင်းဇော်ရဲ့ ဇနီး ဖြစ်ပြီး စစ်ကောင်စီလက်ထက်မှာ နီးစပ်သော စက်သုံးဆီလုပ်ငန်းနဲ့ ဆက်သွယ်ရေးလုပ်ငန်းတွေမှာ ပိုနေရာရလာတဲ့ ခရိုနီတစ်ဦးဖြစ်ပါတယ်။
သူတို့ ဇနီးမောင်နှံဟာ စစ်ခေါင်းဆောင်မင်းအောင်လှိုင် ရဲ့ သားသမီးတွေနဲ့ ပူးပေါင်းပြီးနော်ဝေ အခြေစိုက် တယ်လီနော ကုမ္ပဏီကို ဝယ်ယူကာ ATOM လို့ ပြောင်းလဲထူးထောင်ထားသူတွေပါ။
ဂျွန်နသန်မျိုးကျော်သောင်း၊ စစ်တိုင်းအောင်တို့ကို သမ္မတ ဘိုင်ဒင်အစိုးရလက်ထက် ၂၀၂၂ ခုနှစ် စီးပွားရေပိတ်ဆို့အရေးယူခဲ့ခြင်းဖြစ်ပြီး စစ်တပ်၏ လက်နက်ပစ္စည်းများ ဝယ်ယူပေးမှုများတွင် ပါဝင်ပတ်သက်မှုဖြင့် အရေးယူခြင်းဖြစ်တယ်လို့ အဲ့ဒီအချိန်က မြန်မာလူ့အခွင့် အရေးတက်ကြွလှုပ်ရှားသူအဖွဲ့ Justice For Myanmar ကထုတ်ပြန်ခဲ့ဖူးပါတယ်။
ဒီပုဂ္ဂိုလ်တွေကို ဘာကြောင့် စီးပွားရေးပိတ်ပို့မှုကနေ ဖယ်ရှားလိုက်တယ်ဆိုတာကိုတော့ အမေရိကန် အစိုးရ က ထုတ်မပြောပါဘူး။
Connect Burma
The Tanintharyi Times
