နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် မြိတ်မြို့ပေါ်မှာ စစ်ကားတစ်စီးကို မိုင်းခွဲတိုက်ခိုက်
နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် မြိတ်မြို့ပေါ်မှာ စစ်ကားတစ်စီးကို မိုင်းခွဲတိုက်ခိုက်
မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က နန်းထိုက်အောင်စစ်ဆင်ရေးအနေနဲ့ စစ်ကောင်စီကားတစီးကို မြိတ်မြို့၊ ရေပုန်းရပ်ကွက်မှာ မိုင်းခွဲတိုက်ခိုက်ခဲ့ပါတယ်။
ဘုံပျံစာသင်ကျောင်းကို လုပ်အားပေးသန့်ရှင်းရေးလုပ်ဖို့လာတဲ့ စစ်ကောင်စီတပ်သားတွေတင်လာတဲ့ကားကို ဒီနေ့မနက် ၇နာရီအချိန်ခန့်ကကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။
” မြို့ပေါ်မှာဆိုတော့ အနီးအနားပတ်ဝန်းကျင်ဟိန်းသွားတာပဲ။ သူတို့ဘက်က ထိခိုက်မှုတောာ့ရှိပုံမရပါဘူး။ အဲဒါပြီးတော့ အနီးအနားကလမ်းဆုံတွေမှာ အရပ်ဝတ်တွေကစစ်ဆေးရှာဖွေတာတွေလုပ်သွားတယ်” လို့မြို့ခံတစ်ဦးကပြောပါတယ်။
အခု မိုင်းခွဲတိုက်ခိုက်မှုဟာ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့လက်ချက်သာဖြစ်ပြီး ပြည်သူလူထုနဲ့လုံးဝမသက်ဆိုင်ဘူးလို့လည်း ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။
လွန်ခဲ့တဲ့ နှစ်ရက်ကလည်း ပုလောပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ မဟာမိတ်တပ်ပေါင်းစုတို့က နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ပုလောမြို့နယ်၊ ပဝတ်ကုန်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါသေးတယ်။
မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ကသူ့ရဲ့ထုတ်ပြန်ချက်မှာ ပြည်သူ့လူထုတွေအနေနဲ့ စစ်ကောင်စီတပ်သားတွေ၊ ရဲတွေ၊ ပျူစောထီးတွေနဲ့ နီးနီးကပ်ကပ်သွားလာတာမလုပ်ကြဖို့နဲ့ ခရီးသည်တင်ကားတွေ၊ အိမ်စီးကားတွေအနေနဲ့ စစ်ကား၊ရဲကားတွေနဲ့အနီးကပ်သွားလာတာတွေမလုပ်ကြဖို့ကိုလည်း သတိပေးထားပါတယ်။
မြိတ်မြို့ကို အာဏာသိမ်းစစ်ခေါင်းဆောင် ဒုတပ်ချုပ်စိုးဝင်းလာရောက်ချိန် မေလ ၃ရက်နေ့ကလည်း ဗုံး ၃လုံးပေါက်ကွဲခဲ့ပါတယ်။
The Tanintharyi Times
