မောင်းမကန်လမ်း တောရှည်ရွာက နေအိမ်တစ်လုံး ဓားပြတိုက်ခံရ

မောင်းမကန်လမ်း တောရှည်ရွာက နေအိမ်တစ်လုံး ဓားပြတိုက်ခံရ

လောင်းလုံးမြို့နယ် မောင်းမကန်လမ်း တောရှည်ရွာက နေအိမ်တစ်လုံး မနေ့က ညနေပိုင်း အချိန်မှာ ဓားပြတိုက်ခံခဲ့ရပါတယ်။

တောရှည်ရွာ သုံးထပ်လမ်း အနီးမှာရှိပြီး အရက်ဘီယာ ရောင်းချတဲ့ အဆိုပါနေအိမ်ကို ညနေ ၃ နာရီ အချိန်လောက်မှာ လူနှစ်ယောက်ကဓားပြဝင်တိုက်သွားတာလို့ ရွာသားတစ်ဦးကပြောပြပါတယ်။

သူတို့နဲ့နီးစပ်သူတစ်ဦး ပြောပြချက်အရတော့ ဓားပြတိုက်ခံရတဲ့အိမ်ကနေ ဆိုင်ကယ် တစ်စီး ၊ ပိုက်ဆံ သိန်းတစ်ရာကျော်နဲ့ ရွှေတွေ ပါသွားတယ်လို့ သိရပါတယ်။

“ဓားပြတိုက်ခံရတဲ့အိမ်ရှင်တွေက ​အသက် ၃၀ ဝန်းကျင်အရွယ်ပဲရှိသေးတယ်။ လူငယ် ဇနီးမောင်နံ။သူတို့က တောရှည်ရွာမှာ လာနေတာ မကြာသေးဘူးဟု” ​ရွာသားတစ်ဦးကပြောပါတယ်။

လောင်းလုံးမြို့ပေါ် နဲ့ ရွာတစ်ချို့မှာ လည်း အရင်လက ဓားပြတိုက် လုယက်မှုတွေမကြာခဏ ဖြစ်ပေါ်နေပေမဲ့ ဓားပြတိုက်သူတွေရဲ့ ခြိမ်းခြောက်မှုကြောင့် နှုတ်ပိတ်ပြီးနေခဲ့ရတဲ့ဖြစ်စဥ်တွေလည်းရှိပါတယ်။

The Tanintharyi Times