ဟတ်ယိုင် က ရိုဟင်ဂျာသုံးဦး နှိပ်စက်ခံရမှုမှာ စစ်ဆေးတွေ့ရှိတဲ့ နောက်ကွယ်က ဇာတ်ကြောင်း

ဟတ်ယိုင် က ရိုဟင်ဂျာသုံးဦး နှိပ်စက်ခံရမှုမှာ စစ်ဆေးတွေ့ရှိတဲ့ နောက်ကွယ်က ဇာတ်ကြောင်း

Photo – Reuters

ထိုင်းနိုင်ငံ တောင်ပိုင်း က ဟတ်ယိုင်မြို့ မှာ အသက် ၃၇နှစ်အရွယ် မြန်မာနိုင်ငံသား တစ်ဦးဟာ ရိုဟင်ဂျာ အမျိုးသမီး နှစ်ဦးနဲ့ အသက် ၁၄ နှစ်အရွယ် ယောက်ျားလေးတစ်ဦးတို့ကို ရိုက်နှက်နှိပ်စက်ခဲ့ပါတယ်။

ဒီအမှုကို ထိုင်းရဲ တပ်ဖွဲ့ကစစ်ဆေး တဲ့ အခါမှာတော့ အဆိုပါ အမျိုးသား ဟာ ရိုဟင်ဂျာ အမျိုးသမီး နှစ်ဦးနဲ့ ၁၄ နှစ်အရွယ် ယောက်ျားလေးတို့ ထံက ငွေကျပ် ငါးသိန်းရစရာကျန်ရှိနေတာ ကြောင့် ရိုက်နှက်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

ထိုင်းရဲ တပ်ဖွဲ့ က အသေအချာ စစ်ဆေးတဲ့ အချိန်မှာတော့ အဆိုပါ အမျိုးသား ဟာ ရိုဟင်ဂျာ တွေဆီ ကနေ တစ်ဦကို ငွေကျပ်သိန်း ၁၀၀ ရယူပြီး မှောင်ခိုလမ်းကြောင်းကနေ မလေးရှား ပို့ဖို့ ပြင်ဆင်နေတဲ့ လူမှောင်ခို သမားတစ်ယောက်ဖြစ်ပါတယ်။

သူဟာ ရိုဟင်ဂျာ ၁၀ ဦးထံကနေ တစ်ဦးကို သိန်း ၁၀၀ ရရယူကာ မလေးရှား နိုင်ငံကို မှောင်ခိုလမ်းက ပို့ပေးဖို့ ဟတ်ယိုင် ကို ခေါ်ဆောင်လာတာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ ကစစ်ဆေးတွေ့ရှိခဲ့ပါတယ်။

လူမှောင်ခို ပို့ဆောင်တဲ့ အမျိုးသား ကို ဟတ်ယိုင် ရဲစခန်းနဲ့ ဆုန်ခလာ လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူတွေ ကမနေ့က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်လို့ ထိုင်း သတင်းတွေမှာဖော်ပြထားပါတယ်။

အဲ့ဒီအမျိုးသား ရဲ့ ဖုန်းကို စစ်ဆေးကြည့်တဲ့ အခါမှာ ရိုဟင်ဂျာ အမျိုးသမီးနှစ်ဦးကို သစ်သားတုတ် နဲ့ ရိုက်နှက် နှိပ်စက်နေတဲ့ ဗီီဒယို တွေ ရိုက်ကူးထားပါတယ်။

အဲ့ဒီ ဗီဒီယို တွေထဲ ရိုဂျင်ဂျာ အမျိုးသမီးကငိုယိုတောင်းပန်နေပြီး ရိုက်နှက်နေတဲ့ အမျိုးသား က လက်ကျန်ငွေ ငါးသိန်း ပေးဖို့ တွင်တွင် ပြောဆိုနေတယ်လို့ သိရပါတယ်။

နောက်တော့ အဲ့ဒီအမျိုးသား က ရိုဟင်ဂျာ အမျိုးသမီးတွေကို ရိုက်နှက်နေတဲ့ ဗီဒီယို တွေကို သူတို့ရဲ့ ဆွေမျိုးတွေဆီပါပို့ဆောင်ခဲ့ပြီး ငွေငါးသိန်း အမြန်ပို့ပေးဖို့ ပြောဆိုခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့ ထွက်ဆိုခဲ့ပါတယ်။

အဲ့ဒီ လက်ကျန်ငွေ ငါးသိန်း ရမှာသာ မလေးရှားနိုင်ငံသို့ ဆက်လက်ပို့ဆောင်ပေးမှာဖြစ်တယ်လို့ လည်း အဆိုပါ အမျိုးသား ကပြောဆိုခဲ့တာဖြစ်ပါတယ်။

အဲ့ဒီ ရိုက်နှက်မှု ကတော့ မလေးရှားနိုင်ငံကို ပို့ဆောင်ပေးမယ့် လူပွဲစား ကိုစောင့်ဆိုင်းနေချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ရိုဟင်ဂျာ သုံးဦးကို ဆုန်ခလာ တောအုပ်ထဲက နေ ခြေလျင် ခရီးနဲ့ ခေါ်ယူလာတာဖြစ်တယ်လို့ သိရပါတယ်။

လူမှောင်ခို ပွဲစားတွေ ခေါ်ဆောင်လာတဲ့ ရိုဟင်ဂျာ သုံးဦးထဲက အသက် ၁၄ နှစ်အရွယ် ယောက်ျားလေး ဟာ အရင်ဆုံးထွက်ပြေးလွတ်မြောက်သွား ခဲ့တာဖြစ်ပြီး သူက ပဲ နှိပ်စက်ခံနေရတဲ့ ဖြစ်စဉ်ကို ရပ်ကွက် ထဲတိုင်ကြား ခဲ့တာဖြစ်တယ်လို့ ထိုင်းရဲ တွေက ဆိုပါတယ်။

သူလည်းပဲ ရိုက်နှက် နှိပ်စက်ခံခဲ့ရတယ်လို့ ထိုင်းရဲတွေ ကပြောပါတယ်။

ရိုဟင်ဂျာ သုံးဦးကို ရိုက်နှက်နှိပ်စက်ခဲ့တဲ့ အမျိုးသား ဟာ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာကိုတော့ ထိုင်းရဲတပ်ဖွဲ့ က မထုတ်ပြောခဲပါဘူး။

ရိုက်နှက်ခံခဲ့ရတဲ့ ရိုဟင်ဂျာ သုံးဦးဟာ မြန်မာ စစ်တပ်ရဲ့ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေကြေင့် ၂၀၁၇ ကတည်းက ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် စခန်းမှာ ခိုလှုံနေသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

သူတို့တွေဟာ အလုပ်အကိုင် အခွင့်အလမ်းနဲ့ ဒုက္ခသည်စခန်း အတွင်း အစားရေစာ မလုံလောက်မှု စတဲ့ ပြဿနာတွေ ကြောင့် လူပွဲစားတွေကို ငွေကျပ်သိန်းတစ်ရာ ပေးပြီး မလေးရှားကို သွားရောက်မှာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကို ပြောကြားခဲ့ပါတယ်။

ကိုးကား – ဘန်ကောက်ပို့စ် ၊ The Reporters

(ယခု ဘာသာပြန် သတင်းကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်း တို့ ပူးပေါင်းတင်ဆက်ပါတယ်)

The Tanintharyi Times