လောင်းလုံးမြို့ပေါ်ရပ်ကွက်မှာ နေအိမ်တစ်ဆောင် ဓားပြတိုက်ခံရပြန်ပြီ

လောင်းလုံးမြို့ပေါ်ရပ်ကွက်မှာ နေအိမ်တစ်ဆောင် ဓားပြတိုက်ခံရပြန်ပြီ

ဓားမြမှုတွေ နှစ်လဆက်တိုက်ဖြစ်ပွါးခဲ့တဲ့ လောင်းလုံးမြို့မှာ နေအိမ်တစ်ဆောင်ကို ဓားပြဝင်တိုက်မှုတစ်ခု မနေ့က မနက်စောစော ၄နာရီအချိန်လောက်မှာ ထပ်ဖြစ်ပွါးခဲ့ပါတယ်။

ဓားကိုင်ဆောင်ထားတဲ့ အမျိုးသားတစ်ဦးတည်း ဓားပြလာတိုက်တာဖြစ်ပြီး အိမ်ရှင်အမျိုးသမီးကအော်ဟစ်ပြီး ပြန်လည် ခုခံတာကြောင့် ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

” အိမ်ရှင်အမျိုးသမီး လည်ပင်းဓားနဲ့တေ့ပြီးပိုက်ဆံတောင်းတယ်။ ဓားပြကပိန်ပိန်သေးသေးဆိုတော့ ပိုက်ဆံယူပြီးထွက်တဲ့အချိန် ဝင်လုံးတာ။ အဲဒီမှာပဲအခြေနေမဟန်မှန်းသိတော့ ထွက်ပြေးသွားတာပေါ့ “လို့ ဒေသခံတစ်ဦးကပြောပြပါတယ်။

ဓားပြတိုက်တဲ့သူက ပိုက်ဆံ၄သိန်ကျော်ယူဆောင်သွားခဲ့ပေမယ့် ထွက်ပြေးချိန်မှာသူစီးနှင်းလာတဲ့ ဆိုင်ကယ်ကျန်ရစ်ခဲ့တယ်လို့ မြို့ခံက ပြောပြပါတယ်။

ဓားမြကျန်ခဲ့တဲ့ အစိမ်းပုတ်ရောင် Wave100 ဆိုင်ကယ်ကိုတော့ ဗုံးတွေထောင်ထားခဲ့နိုင်လို့ တစ်ယောက်မှမထိကြဖို့ ပျူစောထီးအဖွဲ့တွေကပြောဆိုပြီး ယူဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

အခုဓားပြတိုက်ခံရတဲ့နေအိမ်ဟာ လူနေအိမ်စိပ်တဲ့ရပ်ကွက်တစ်ခုက နေအိမ်တစ်ဆောင်ဖြစ်ပေမယ့် အဲဒီအမျိုးသမီးက ပတ်ဝန်းကျင်ကိုအော်ဟစ်အကူအညီတောင်းချိန်မှာ လာရောက်ကူညီတဲ့သူမရှိခဲ့ဘူးလို့လည်း မြို့ခံရဲ့ပြောကြားချက်အရ သိရပါတယ်။

ဓားပြတိုက်ခိုးယူမှုတွေဟာ အမျိုးသားမရှိတဲ့နေအိမ်တွေနဲ့ စျေးဆိုင်ရောင်းတဲ့နေအိမ်တွေမှာအဓိကဖြစ်နေတာလို့ သိရပါတယ်။

လောင်းလုံးမြို့နယ်မှာ မေလနဲ့ ဇွန်လမှာ တစ်လကို ဓားမြတိုက်မှု ၃ကြိမ်ထက်မနည်းရှိခဲ့ပြီး အခုချိန်ထိဖမ်းဆီးအရေးယူခံရတာ မရှိသေးပါဘူး။

The Tanintharyi Times