ကနက်သီရိကျေးရွာမှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦး ပစ်သတ်ခံရ

ကနက်သီရိကျေးရွာမှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦး ပစ်သတ်ခံရ

ဓာတ်ပုံ - ဦးနိုင်မိုး

သရက်ချောင်းမြို့နယ် ၊ ကနက်သီရိကျေးရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဟောင်း တစ်ဦး ဒီနေ့ည ၇နာရီခွဲဝန်းကျင် ပစ်သတ်ခံလိုက်ရတယ်လို့ ရွာခံတွေထံကနေသိရပါတယ်။

သေဆုံးသူဟာ အသက် ၅၀ ဝန်းကျင်အရွယ် ဦးနိုင်မိုးဆိုသူဖြစ်ပြီး သူ့ရဲ့ နေအိမ်မှာပဲပစ်ခတ်ခံလိုက်ရတာဖြစ်တယ်လို့သိရပါတယ်။

“သေနတ်သံ ၅ချက်လောက်ဆက်တိုက်ကြားရတယ်။ သူ့အမျိုးသမီးလည်း ခြေထောက်ကိုသေနတ်မှန််တယ်လို့ကြားတယ်” လို့ဒေသခံရွာသားတစ်ဦးကပြောပါတယ်။

ဦးနိုင်မိုးဟာ စစ်ကောင်စီတပ်တွေလက်နက်တပ်ဆင်ပေးထားတဲ့သူဖြစ်ပြီး ရွာသားတွေကိုအမျိုးမျိုးဒုက္ခပေးတဲ့သူလည်းဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။

“သူသေတဲ့သတင်းကြားတာနဲ့တင်အရမ်းပျော်နေပြီ။

သူကြောင့် ဒုက္ခရောက်သူနည်းမှမနည်းပဲ။ သူ့ကြောင့်ထောင်ထဲရောက်သူလည်းမနည်းဘူး။ သူရှိတုန်းကရွာမှာ အိပ်ကောင်းခြင်းမအိပ်ရစားကောင်းခြင်းမစားရပဲ” လို့ရွာသားတစ်ဦးကပြောပါတယ်။

ဦးနိုင်မိုးကို ဘယ်အဖွဲ့ကပစ်ခတ်ခဲ့တယ်ဆိုတာကိုတော့မသိရသေးပါဘူး။

အရင်ကလည်း ဦးနိုင်မိုးကို အဖွဲ့တစ်ဖွဲ့က ရှင်းလင်းဖို့ကြိုးစားခဲ့ဖူးတဲ့အတွက် ထွက်ပြေးတိမ်းရှောင်ခဲ့ဖူးတယ်လို့ ဒေသခံတွေရဲ့ပြောဆိုချက်အရသိရပါတယ်။

The Tanintharyi Times