တနင်္သာရီကနေ ကော့သောင်းဆင်းတဲ့ကားတွေကို လမ်းမှာ အစစ်အဆေးတင်းကြပ်
တနင်္သာရီကနေ ကော့သောင်းဆင်းတဲ့ကားတွေကို လမ်းမှာ အစစ်အဆေးတင်းကြပ်
တနင်္သာရီမြို့ဘယ်ကနေ ကော့သောင်းဘက်ကိုသွားတဲ့ကားတွေကို လမ်းမှာ အစစ်အဆေးတင်းကြပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။
တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စု၊ ချောင်းလမုရွာအုပ်ချုပ်ရေးမှူးရုံးအရှေ့မှာ ဒီနေ့ ညနေ ၃ နာရီဝန်းကျင်က စတင်စစ်ဆေးနေတာဖြစ်တယ်လို့ ရွာသားတစ်ဦးကပြောပါတယ်။
“အရင်က တစ်ခါမှ ဒီလိုမစစ်ဖူးဘူး။ အခုဘာဖြစ်လို့စစ်ဆေးနေတာလဲမသိဘူး” လို့ ချောင်းလမုရွာသားကပြောပါတယ်။
ကားပေါ်လိုက်ပါလာတဲ့သူတွေကို မှတ်ပုံတင်အဓိကထားပြီးစစ်တယ်လို့သိရပါတယ်။
ကော့သောင်းဘက်ကနေ တနင်္သာရီဘက်ကိုလာတဲ့ကားတွေကိုတော့မစစ်ဘူးလို့ဆိုပါတယ်။
စစ်ကောင်စီတပ်သား ၃၀ ဝန်းကျင်ဟာ ချောင်းလမုရွာကို မနေ့ကရောက်ရှိလာပြီး ဒီနေ့ စစ်ဆေးနေတာဖြစ်ပါတယ်။
ချောင်းလမုရွာဟာ မြိတ်-ကော့သောင်းကားလမ်းမပေါ်က တနင်္သာရီမြို့နယ်နဲ့ ဘုတ်ပြင်းမြို့နယ်အကြားလမ်းပိုင်းမှာတည်ရှိပါတယ်။
ချောင်းလမုရွာအပြင် ဘုတ်ပြင်းမြို့နယ်က လေညာမှာလည်း အစစ်အဆေးတင်းကြပ်နေတယ်လို့သိရပါတယ်။
မြိတ်ခရိုင်မှာထဲက တနင်္သာရီမြို့နယ်ထဲမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီး ကော့သောင်းခရိုင်က ဘုတ်ပြင်းမြို့နယ်မှာလည်း စစ်ကောင်စီနဲ့ပြည်သူ့ကာကွယ်ရေးတပ်တွေတိုက်ပွဲဖြစ်ပွားခဲ့ဖူးပါတယ်။
The Tanintharyi Times
