စစ်ကောင်စီတပ်သားတွေ ညင်းမော်ကျေးရွာ တောထဲ စစ်ကြောင်းထိုးရှာဖွေနေ

စစ်ကောင်စီတပ်သားတွေ ညင်းမော်ကျေးရွာ တောထဲ စစ်ကြောင်းထိုးရှာဖွေနေ

NyinMaw
ပုံစာ - ညင်းမော်ကျေးရွာပုံဟောင်း

လောင်းလုံးမြို့နယ် ညင်းမော်ကျေးရွာအနောက်ဘက် တောတောင်တွေထဲကို စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုရှာဖွေတာတွေ လုပ်ဆောင်နေသလို သေနတ်ပစ်ခတ်သံလည်း ကြားနေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

လောင်းလုံးမြို့နဲ့ ညင်းမော်ရွာကြား ပိုးစာပန်လို့ခေါ်တဲ့နေရာမှာ ဇွန်လ ၂ ရက် မနက် ၆ နာရီလောက်က ဗုံးပေါက်ကွဲပြီးနောက် အခုလို စစ်ကောင်စီတပ်သာတွေ တောနင်းရှာဖွေတာတွေ လုပ်ဆောင်လာတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မနက် ၈ နာရီလောက်မှာ ခြံထဲသွားတဲ့သူတွေနဲ့ စစ်ကြောင်းထိုးတာနဲ့တွေ့တာ။ ရွာကလူတွေ ခြံထဲမနေရဲတော့လို့ ထွက်ပြေးလာကြတာတွေလည်းရှိတယ်။ မနက် ၉ နာရီလောက်မှာလည်း တောထဲက သေနတ်ပစ်သံတစ်ချက်ကြားလိုက်‌ရသေးတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကြောင်းထိုးနေတဲ့ အင်အားဘယ်လောက်ရှိတယ်ဆိုတာနဲ့ အဲဒီဗုံးဖောက်ခွဲတာကို ဘယ်အဖွဲ့ကလုပ်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

လောင်းလုံးမြို့နဲ့ ညင်းမော်ရွာကြား ‌‌ဗုံးပေါက်သံကြားရတာကြောင့် ညင်းမော်ဈေးက ဈေးသည်တွေနဲ့ ရွာသားတွေ အိမ်ပြန်ပြေးလာကြတယ်လို့လည်း ဆိုပါတယ်။

The Tanintharyi Times