စာသင်ကျောင်းအပါအဝင် အများနဲ့သက်ဆိုင်တဲ့နေရာတွေကို ပစ်ခတ်တိုက်ခိုက်မှာမဟုတ်ဘူးလို့ မြိတ်ပကဖကြေညာ

စာသင်ကျောင်းအပါအဝင် အများနဲ့သက်ဆိုင်တဲ့နေရာတွေကို ပစ်ခတ်တိုက်ခိုက်မှာမဟုတ်ဘူးလို့ မြိတ်ပကဖကြေညာ

Myeik

စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံတွေအပါအဝင် အများပြည်သူနဲ့သက်ဆိုင်တဲ့နေရာတွေကို ပစ်ခတ်တိုက်ခိုက်မှာမဟုတ်ဘူးလို့ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ ဖိအားအမျိုးမျိုးကြောင့် ကျောင်းအပ်နေကြတဲ့မိဘပြည်သူတွေကိုကိုယ်ချင်းစာပေမယ့် စစ်ကျွန်ပညာရေးကိုတော့အသိမှတ်ပြုမှာမဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။

စစ်ရှောင်လူငယ်တွေနဲ့ တော်လှန်ရေးမှာ အသက်ပေးခဲ့ရတဲ့ကျောင်းသား၊ ကျောင်းသူတွေကိုကိုယ်ချင်းစာတဲ့အနေနဲ့ စစ်ကျွန်ပညာရေးကိုလက်မခံဘဲ အာဏာဖီဆန်ရေးမှာပါဝင်ပေးကြဖို့လည်း တိုက်တွန်းထားပါတယ်။

မေလ နောက်ဆုံးအပတ်က မြိတ်မြို့၊ မြို့သစ်ရပ်မှာရှိတဲ့ အ.ထ.က ၇ ကျောင်းအနီး ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး အဲဒီဖောက်ခွဲမှုတွေကို စစ်ကောင်စီကလုပ်ဆောင်ခဲ့တယ်လို့ မြိတ်ပကဖက ထုတ်ပြန်ထားပါတယ်။

The Tanintharyi Times