ဇဟာရွာကအသက်ကြီးပိုင်းအမျိုးသားတစ်ဦးပစ်သတ်ခံရ
ဇဟာရွာကအသက်ကြီးပိုင်းအမျိုးသားတစ်ဦးပစ်သတ်ခံရ
ထားဝယ်မြို့နယ်၊ ဇဟာကျေးရွာက အသက်ကြီးပိုင်းအမျိုးသားတစ်ဦး ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ပစ်သတ်ခံရသူဟာ အသက် ၆၀ ကျော်အရွယ် ဇဟာရွာသား ဦးကျော်သိန်းဆိုသူဖြစ်ပါတယ်။
သူ့ကိုအခုလ ၅ ရက်နေ့ညနေပိုင်းက ဇဟာရွာက ဥယျာဥ်ခြံအတွင်းမှာ အမည်မသိအဖွဲ့တစ်ခုက ဖမ်းဆီးသွားပြီး နောက်နေ့မနက်မှာ သေနတ်ဒဏ်ရာတွေနဲ့သေဆုံးနေတဲ့ အလောင်းကိုလမ်းမှာတွေ့ရှိခဲ့တယ်လို့သိရပါတယ်။
ပစ်သတ်ခံရသူဟာ စစ်ကောင်စီသတင်းပေးတစ်ဦးဖြစ်တယ်လို့လည်း ဒေသခံတွေကပြောဆိုပါတယ်။ အဲဒီအပေါ်မှာ တနင်္သာရီတိုင်းမ်အနေနဲ့ သီးခြားအတည်ပြုနိုင်တာတော့မရှိသေးပါဘူး။
အခုသေဆုံးသူ ဦးကျော်သိန်းဟာ အရင်ကလည်း ဖားအောက်တောရလမ်းပိုင်းမှာပဲပစ်ခတ်ခံရလို့ ဒဏ်ရာရရှိခဲ့ဖူးတယ်လို့လည်းသိရပါတယ်။သူ့ကိုဘယ်အဖွဲ့က ပစ်သတ်ခဲ့တယ်ဆိုတာကိုတော့မသိရသေးပါဘူး။
အလောင်းကိုတော့ မနေ့ကလူနာတင်ကားနဲ့ ထားဝယ်ဆေးရုံသို့ သယ်ဆောင်သွားတယ်လို့သိရပါတယ်။
The Tanintharyi Times
