စစ်ကောင်စီက စာသင်ကျောင်းအနီးမိုင်းခွဲပြီး တော်လှန်ရေးအင်အားစုတွေအပေါ် ပြည်သူအထင်မှားအောင် ပုံဖျက်နေတယ်လို့ မြိတ် ပကဖ ထုတ်ပြန်
စစ်ကောင်စီက စာသင်ကျောင်းအနီးမိုင်းခွဲပြီး တော်လှန်ရေးအင်အားစုတွေအပေါ် ပြည်သူအထင်မှားအောင် ပုံဖျက်နေတယ်လို့ မြိတ် ပကဖ ထုတ်ပြန်
မြိတ်မြို့မှာ စာသင်ကျောင်းအနီးမိုင်းနှစ်လုံးပေါက်ကွဲခဲ့ပြီး အဲဒီမိုင်းခွဲမှုဟာ တော်လှန်ရေအင်အားစုတွေကို ပြည်သူအထင်မှားအောင် ပုံဖျက်တဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ဖြစ်တယ်လို့ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) က ထုတ်ပြန်ပါတယ်။
မြိတ်တောင်နယ်မြေ၊ မြို့သစ်ရပ် အ.ထ.က ၇ ကျောင်းအနောက်ဘက်စျေးလမ်းမှာ မေလ ၂၆ ရက်ည ၇ နာရီဝန်းကျင်နဲ့ မေလ ၂၇ ရက် နံနက် ၉ နာရီဝန်းကျင်အချိန်တို့က ပေါက်ကွဲသံနှစ်ကြိမ်ကြားခဲ့ရတယ်လို့ မြိတ်မြို့ခံတချို့ကပြောပါတယ်။
စစ်ကောင်စီက အခြေခံပညာကျောင်းတွေဖွင့်လှစ်ဖို့ ပြင်ဆင်နေတဲ့ ကျောင်းအပ်နှံရေးကာလမှာ အခုလိုပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တာပါ။
The Tanintharyi Times
