တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုကျေးရွာက နေအိမ်တွေကို စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးအဖွဲ့ဝင်တွေမီးရှို့နေ
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုကျေးရွာက နေအိမ်တွေကို စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးအဖွဲ့ဝင်တွေမီးရှို့နေ
ပုလောမြို့နယ်၊ တိုကျေးရွာမှာ ပစ်ခတ်၊ တိုက်ခိုက်မှုတွေ မရှိဘဲ ရွာခံတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေ ဒီကနေ့မနက် ၉ နာရီခွဲကစလို့ မီးလိုက်ရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အဓိက ရှို့နေတာတော့ တိုကျောင်းကြီး(ဘုန်းကြီးကျောင်း) အနောက်ဝန်းကျင်ကိုရှို့နေတာပါ။ပုဂ္ဂိုလ်ရေးအငြိုးတွေလည်း ရှိမယ်ထင်တယ် ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မီးရှို့ခံရတဲ့ အိမ်တွေဟာ CDM တွေရဲ့ အိမ်တွေ၊ PDF မိသားစုဝင်တွေလို့ ပျူစောထီးအဖွဲ့ဝင်တွေက သတ်မှတ်ထားသူတွေရဲ့အိမ်တွေနဲ့ PDFတွေ ကို ထောက်ပို့လုပ်နေတယ်လို့ သတ်မှတ်ခံထားရတဲ့ သူတွေရဲ့အိမ်တွေကို အဓိကထား တာတွေ့ရတယ်လို့ ဒေသခံတွေနဲ့ ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။
မီးရှို့ခံနေရတဲ့ နေအိမ်အရေအတွက်တွေနဲ့ အခြေအနေ အသေးစိတ်ကိုတော့ တနင်္သာရီတိုင်းမ်အနေနဲ့ စုံစမ်းနေဆဲဖြစ်ပါတယ်။
အခုလ ၁၀ ရက်နေ့ကလည်း တိုကျေးရွာက နေအိမ် ၆၀ ထက်မနည်းကို စစ်ကောင်စီတပ်သားတွေ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
The Tanintharyi Times
