အမေရိကန် ရေနံ ကုမ္ပဏီ Chevron မြန်မာနိုင်ငံက အပြီးထွက်ခွာ
အမေရိကန် ရေနံ ကုမ္ပဏီ Chevron မြန်မာနိုင်ငံက အပြီးထွက်ခွာ
အမေရိကန်နိုင်ငံရဲ့ အကြီးဆုံးရေနံ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Chevron ကော်ပိုရေးရှင်းက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတဲ့ ရှယ်ယာအားလုံးကို ကနေဒါကုမ္ပဏီ MTI ကို ရောင်းချလိုက်တယ်လို့ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ အသိပေးပါတယ်။
မြန်မာနိုင်ငံမှာ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း Chevron နဲ့ အခြားရေနံကုမ္ပဏီအချို့က ပြန်လည်ထွက်ခွာမယ်လို့ ဆုံးဖြတ်ချက်ချကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပြီး တစ်နှစ်အကြာမှာ ဒီအရောင်းအဝယ်အတွက် အတည်ပြုခဲ့တာပါ။
Chevron အနေနဲ့ မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှုတ်ချခဲ့တယ်လို့ CNA သတင်းမှာ ဖော်ပြထားပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာ့ ဆက်သွယ်ရေး ဝန်ကြီးဌာနကို မှတ်ချက်ပေးဖို့ CNA က မေးမြန်းထားတဲ့ အပေါ် တုံ့ပြန်ခြင်း မရှိသေးပါဘူး။
Chevron ပိုင်ဆိုင်တဲ့ “ရတနာ သဘာဝဓာတ်ငွေ့စီမံကိန်း” ရဲ့ ရှယ်ယာ ၄၁ ဒဿမ ၁ ရာခိုင်နှုန်းကို ကနေဒါ ကုမ္ပဏီ MTI ကို ရောင်းချဖို့ သဘောတူညီခဲ့ပြီးဖြစ်တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။ အဲဒီ “ရတနာ စီမံကိန်း” က ထွက်ရှိတဲ့ သဘာဝဓာတ်ငွေ့တွေကို ပြည်တွင်းသုံးစွဲခြင်းနဲ့ ထိုင်းနိုင်ငံကို တင်ပို့ရောင်းချခြင်း အဓိက ပြုလုပ်ပါတယ်။
ဒီစီမံကိန်းမှာ ရှယ်ယာဝင်ထားတဲ့ ပြင်သစ်ရေနံ ကုမ္ပဏီ TotalEnergies က သူ့ပိုင်ဆိုင်မှုတွေကို ရောင်းချခဲ့ပြီး ၂၀၂၂ ခုနှစ် ဇူလိုင်လမှာ မြန်မာနိုင်ငံက ထွက်ခွာခဲ့ပါတယ်။
နောက်ပိုင်းမှာ ဒီစီမံကိန်းမှာ ရှယ်ဗရွန်က ရှယ်ယာအများဆုံးပိုင်ဆိုင်ခဲ့ပြီး နောက်ထပ် ထိုင်းနိုင်ငံက PTTEP၊ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE တို့နဲ့ ဖက်စပ်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။
Ref: CNA
The Tanintharyi Times
