ပုလောမြို့နယ်က တိုက်ပွဲမှာ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေ ထိခိုက်သေဆုံးမှုရှိ
ပုလောမြို့နယ်က တိုက်ပွဲမှာ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေ ထိခိုက်သေဆုံးမှုရှိ
ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ ဒီကနေ့နေ့လည် ၁ နာရီလောက် ကစပြီး ဖြစ်ပွါးခဲ့တဲ့ နှစ်ဖက်တိုက်ပွဲမှာ စစ်ကောင်စီနဲ့ပျူစောထီးတွေ ထိခိုက်သေဆုံးမှု ရှိတယ်လို့ သိရပါတယ်။
“တိုက်ပွဲက တနေကုန်နီးပါးဖြစ်တယ်လို့တောင်ပြောရမယ်။ အတိအကျကိုတော့ အတည်ပြုနေဆဲပါ။ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ထိခိုက်မှုတော့မရှိပါဘူး ” လို့ မြိတ်ခရိုင်တပ်ရင်း (၁) ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။
အဆိုပါတိုက်ရှပ်ပုံကျေးရွာက တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၂ ဦးနဲ့ ပျူစောထီးအဖွဲ့ဝင် ၂ ဦးသေဆုံးခဲ့တဲ့အပြင် သေနတ် ၁ လက်လည်း PDF တွေ ဘက်က သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ ညနေ ၄ နာရီလောက်မှာတော့ တိုက်ပွဲပြန်ငြိမ်သွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်ကတော့ လက်ရှိအချိန်ထိ လက်နက်ကြီးပစ်ခတ်တာတွေရှိနေတယ်လို့သိရပါတယ်။
လက်ရှိမှာ ရှပ်ပုံရွာအဝင်နဲ့အထွက်ကို စစ်ကောင်စီတပ်ဘက်က သံဆူးကြိုးတွေနဲ့ကာရံတာတွေပြုလုပ်ထားတယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ရှပ်ပုံရွာက ဒေသခံတချို့ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။
The Tanintharyi Times
