မီးလောင်ချောင်းရွာစာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေ ပစ်ခတ်တိုက်ခိုက်ခံရ
မီးလောင်ချောင်းရွာစာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေ ပစ်ခတ်တိုက်ခိုက်ခံရ
မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မီးလောင်ချောင်းကျေးရွာက စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဒီဇင်ဘာ ၁၇ ရက်နေ့ ညက ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့တောကြီးမြွေဟောက်အဖွဲ့က ပြောပါတယ်။
အဲဒီစာသင်ကျောင်းဟာ တက်ရောက်ပညာသင်ကြားသူမရှိတဲ့အတွက် ပိတ်ထားတာ ကြာပြီဖြစ်ပြီး ပျူစောထီးတပ်ဖွဲ့ဝင် ၁၅ ဦးနဲ့ စစ်ကောင်စီတပ်သား ၁၀ ဦး စုစုပေါင်း ၂၅ ဦးခန့်က လာရောက်တပ်စွဲလေ့ရှိတယ်လို့ သိရပါတယ်။
သွားရောက်ပစ်ခတ်ချိန် အပြန်အလှန်ပစ်ခတ်မှု တစ်နာရီခန့် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်က ထိခိုက်ကျဆုံးရှိခဲ့ပေမဲ့ အတိအကျကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
“အခုနောက်ပိုင်းတိုက်ပွဲတွေမှာ ခက်ခဲလာတာကတော့ ကျည်အခက်အခဲ လက်နက်အခက်အခဲပါပဲ။ ကျည်အင်အားနည်းလို့ အရမ်းဒုက္ခရောက်ပါတယ်။” လို့ အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။
အထက်ပါ ပစ်ခတ်မှုအတွင်း တောကြီးမြွေဟောက်အဖွဲ့က အဖွဲ့သားတွေအနေနဲ့ အထိခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
တောကြီးမြွေဟောက်အဖွဲ့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၄ ရက်ကလည်း အဲဒီစာသင်ကျောင်းအနီး ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ဝင်ရောက် တိုက်ခိုက်ခဲ့ပါသေးတယ်။
The Tanintharyi Times
