စစ်ကောင်စီက ကော့ကရိတ်အပါအဝင် မြို့နယ် ၆ခုကို ညမထွက်ရတဲ့အချိန် တိုးမြင့်သတ်မှတ်
စစ်ကောင်စီက ကော့ကရိတ်အပါအဝင် မြို့နယ် ၆ခုကို ညမထွက်ရတဲ့အချိန် တိုးမြင့်သတ်မှတ်
ကော့ကရိတ်မြို့နယ်အပါအဝင် ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်မှာရှိတဲ့ မြို့နယ်၆ခုရဲ့ ညမထွက်ရတဲ့အချိန်ကို စစ်ကောင်စီက တိုးမြင့် သတ်မှတ်လိုက်ပါတယ်။
အရင်က ည ၁၀ နာရီကနေမနက် ၄နာရီအထိလမ်းပေါ်မထွက်ရအမိန့်ထုတ်ပြန်ထားရာကနေ အခု ည ၆နာရီကနေ မနက် ၄နာရီအထိလမ်းပေါ်မထွက်ရလို့ ပြောင်းလဲအမိန့်ထုတ်လိုက်တာပါ။
အဲဒီအမိန့်ကို ကော့ကရိတ်မြို့နယ်၊ မြဝတီမြို့နယ်၊ ကျိုက်မရောမြို့နယ် ၊ ကြာအင်းဆိပ်ကြီးမြို့နယ် ၊ ဘားအံမြို့နယ်နဲ့ လှိုင်းဘွဲ့မြို့နယ်တွေမှာသတ်မှတ်လိုက်တာဖြစ်ပြီး ဖောက်ပြန်ကျူးလွန်ရင် ပြင်းပြင်းထန်ထန်အရေးယူမယ်လို့ခြိမ်းခြောက်ထားပါတယ်။
ဒါ့အပြင် အဲဒီမြို့နယ်တွေမှာ စုဝေးတာ၊ ဟောပြောတာ၊ စီတန်းလမ်းလျှောက်တာ၊ လှုံ့ဆော်တာနဲ့ ဆန္ဒပြတာတွေမပြုလုပ်ရဘူးလို့လည်း ဆိုပါတယ်။
အဲဒီအမိန့်ကြေညာချက်ဟာ သြဂုတ်၃၀ရက်နေ့ကစပြီး အောက်တိုဘာ ၃၀ရက်နေ့အထိအတည်ဖြစ်တယ်လို့လည်း စစ်ကောင်စီရဲ့ထွေအုပ် ထုတ်ပြန်စာမှာရေးသားထားပါတယ်။
ဒီလ ၁၅ရက်နေ့က ကော့ကရိတ်ရဲစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တဲ့ဖြစ်စဥ်မှာ ရဲမှူးအပါအဝင် ၁၂ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေသိမ်းဆည်းရမိခဲ့ပါတယ်။
The Tanintharyi Times
