ရေးနဲ့သံဖြူဇရပ်ကြားမှာ စစ်ကောင်စီယာဥ်တန်းခြုံခိုတိုက်ခိုက်ခံရပြီး ၂ဦးသေ၊ ၆ဦး ဒဏ်ရာရ

ရေးနဲ့သံဖြူဇရပ်ကြားမှာ စစ်ကောင်စီယာဥ်တန်းခြုံခိုတိုက်ခိုက်ခံရပြီး ၂ဦးသေ၊ ၆ဦး ဒဏ်ရာရ

မွန်ပြည်နယ် ၊ သံဖြူဇရပ်မြို့နယ်ကနေ ရေးမြို့နယ်ဘက်ကိုဖြတ်သွားတဲ့ စစ်ကောင်စီယာဥ်တန်းကို မွန်ပြည်နယ်တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့ ကခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

အဲဒီစစ်ကောင်စီယာဥ်တန်းမှာ စစ်ကား ၁၃စီးပါဝင်ပြီး အေးကမ္ဘာရွာနဲ့ ဘေးလမိုင်းရွာကြားမှာ ဒီနေ့မနက် ၆ နာရီအချိန်က ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတာပါ။

တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီလ ၁၁ရက်နေ့ကလည်း သံဖြူဇရပ်မြို့ဘက်ကိုတက်လာတဲ့ စစ်ကောင်စီကား၆စီးပါယာဥ်တန်းကို တောင်ညိုအထူးပျောက်ကျားတပ်ဖွဲ့နဲ့ပူးပေါင်းတပ်ဖွဲ့ကခြုံခိုတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာအပြင်းအထန်ရရှိခဲ့ပါတယ်။

The Tanintharyi Times