တရုတ်ရဲ့ အထိန်းအချုပ်မဲ့နေတဲ့ ဒုံးပျံအပိုင်းအစတွေ အိန္ဒိယသမုဒ္ဒရာထဲ ပျက်ကျခဲ့
တရုတ်ရဲ့ အထိန်းအချုပ်မဲ့နေတဲ့ ဒုံးပျံအပိုင်းအစတွေ အိန္ဒိယသမုဒ္ဒရာထဲ ပျက်ကျခဲ့
ကမ္ဘာမြေပေါ်ကို အထိန်းအချုပ်မဲ့ ပြန်ကျလာတဲ့တရုတ်ရဲ့ Long March 5B ဒုံးပျံ အစိတ်အပိုင်းတွေဟာ လေထုထဲမှာ မီးလောင်ပျက်စီးသွားခဲ့သလို၊ ဖိလစ်ပိုင်အနောက်တောင်ပိုင်း အိန္ဒိယသမုဒ္ဒရာအတွင်းကိုလည်း ကျရောက်ခဲ့ပါတယ်။
မနေ့က မြန်မာစံတော်ချိန် သန်းခေါင်အချိန်လောက် မှာ long March 5Bဒုံးပျံရဲ့ တွန်းအားမြှင့်အစိတ်အပိုင်းတချို့ ပျက်ကျလာတာကို မလေးရှား နိုင်ငံ Kuching မြို့ကသူတွေ မြင်တွေ့ခဲ့ရပြီး ရုပ်သံရိုက်ကူးကာ ဆိုရှယ်မီဒီယာမှာ အများအပြားမျှဝေခဲ့ကြပါတယ်။
ဒုံးပျံ အစိတ်အပိုင်းတွေ ပြန်ကျလာမဲ့ လမ်းကြောင်းနဲ့ ပတ်သက်ပြီး တရုတ်ဘက်က ထုတ်ပြန်ပြောဆိုတာတွေ မရှိတဲ့အတွက် အမေရိကန်အာကာသအေဂျင်စီ NASA ရဲ့ တာဝန်ရှိသူတစ်ဦးက ဝေဖန်ပြစ်တင်ခဲ့ပါတယ်။
၂၃ တန်အလေးချိန်ရှိတဲ့ အဆိုပါ ဒုံးပျံကို တရုတ်တို့တည်ဆောက်နေတဲ့ ရှန်ဂေါင်း အာဏာသစခန်းယာဉ်ပေါ်ကို အစိတ်အပိုင်းသစ်တစ်ခု ပေးပို့ဖို့အတွက် ဇူလိုင် ၂၄ ရက်ကမှ ပစ်လွှတ်ခဲ့တာပါ။
ကိုးကား – The StraitsTimes
The Tanintharyi Times
