တနင်္သာရီမှာတိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံး
တနင်္သာရီမှာတိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံး
တနင်္သာရီမြို့နယ်၊ သိန္ဓောရွာမှာ ဒီနေ့ နေ့လယ်ပိုင်းကစစ်ကောင်စီတပ်တွေပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ နေ့လယ် ၁၂ နာရီ ကနေမွန်းလွဲ ၂ နာရီခွဲအထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၄ ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဘက်မလိုက်ပြောက်ကျားအဖွဲ့ကနေသိရပါတယ်။
သိန္ဓောရွာနဲ့ ဘန်းပြည့်အနောက်ရေချောင်းခြားအကြား ကင်းစောင့်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေချောင်းမြောင်းပစ်ခတ်ရာကစလို့ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
တိုက်ပွဲမှာ ဘက်မလိုက်ပြောက်ကျားအဖွဲ့၊တောင်ပိုင်းသူရဲကောင်းများကာကွယ်ရေးအင်အားစု၊ပြည်သူကာကွယ်ရေးတပ်မတော်(မြိတ်ခရိုင်တပ်ရင်း၂) တို့ပါဝင်တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။
