လယ်သစ်ရွာ တိုက်ပွဲကနေ ပြန်ဆုတ်ပြီး လူလာလဲတဲ့ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေ ခြုံခိုတိုက်ခံရ

လယ်သစ်ရွာ တိုက်ပွဲကနေ ပြန်ဆုတ်ပြီး လူလာလဲတဲ့ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေ ခြုံခိုတိုက်ခံရ

ဓာတ်ပုံ- တနင်္သာရီမြို့နယ်ကပြည်သူ့ကာကွယ်ရေးရဲဘော်တွေ(ပုံဟောင်း)

တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာမှာ ၃ ရက်ဆက်တိုက်ပွဲဖြစ်ပွားပြီးနောက် တပ်ပြန်ဆုတ် လူလဲပြီး ပြန်ဝင်လာတဲ့ စစ်ကောင်စီတပ်သားနဲ့ပျူစောထီးတွေကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒီ​ကနေ့ မနက် ၆ နာရီကျော်လောက်က လယ်သစ်ရွာ၊ ကျောက်ပုစွန်တောင်အနီး ပျူစောထီးအဖွဲ့ဝင် ၃၀ ဦးခန့်အင်အားထပ်ဖြည့်ပြီး ဝင်လာချိန်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက အလစ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အခုလိုတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သား ၄ ဦး တခဏအတွင်းကျသွားတယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေး တပ်သားတစ်ဦးက ပြောပါတယ်။

“သူတို့ကလူလဲပြီးဝင်လာတာမျိုးပေါ့။ ကျနော်တို့တပ်တွေရှိနေတာကိုမသိဘူး ပေါ့ပေါ့လျှော့လျှော့ဝင်လာကြတာ။ အဲဒီအချိန်မှာ ဒီကောင်တွေအကျွေးခံလိုက်ရတာ” လို့ ပြည်သူ့ကာကွယ်ရေးတပ်သားကပြောပါတယ်။

စစ်ကောင်စီဘက်က အခုလိုတိုက်ခိုက်ခံရပြီးနောက် လယ်သစ်ရွာနဲ့ကပ်နေတဲ့ ကျွန်းစုမြို့နယ်၊ ဝါရစ်ကျေးရွာဘက်ကို လူနာတင်ယာဥ်တွေရောက်ရှိနေတယ်လို့လည်း ဒေသခံတွေထံကနေသိရပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ နှစ်ဖက်တိုက်ပွဲပြန်ငြိမ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လယ်သစ်ရွာအရှေ့ဘက်ကမ်းနဲ့ အနောက်ဘက်ကမ်းမှာ အခုလ ၂၅ ရက်နေ့ကစပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်သားတွေ နှစ်ဖက်လက်နက်ကြီးငယ်တွေနဲ့ အပြင်းအထန်တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး နှစ်ဖက်ထိခိုက်မှုလည်းရှိခဲ့ပါတယ်။

The Tanintharyi Times