ထိုင်းနိုင်ငံမှာပြစ်ဒဏ်ကျခံပြီးတဲ့ ရွေ့ပြောင်းမြန်မာလုပ်သား ၁၉၀ ကို နယ်စပ်က တဆင့်ပြန်ပို့

ထိုင်းနိုင်ငံမှာပြစ်ဒဏ်ကျခံပြီးတဲ့ ရွေ့ပြောင်းမြန်မာလုပ်သား ၁၉၀ ကို နယ်စပ်က တဆင့်ပြန်ပို့

ထိုင်းနိုင်ငံအကျဉ်းထောင်တွေမှာ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီး ပြန်လည်လွတ်မြောက် လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ထိုင်းအာဏာပိုင်တွေက ရနောင်းမြို့ကတဆင့် လာရောက်လွှဲပြောင်းပေးခဲ့တယ်လို့ တိုင်းပြန်ဆက်ကထုတ်ပြန်ပါတယ်။

မနေ့က ပြန်လည်ပို့ဆောင်ခံရသူတွေဟာ အမျိုးသား၁၄၃ဦး နဲ့ အမျိုးသမီး ၄၇ဦး၊ စုစုပေါင်း ၁၉၀ဦးဖြစ်ပြီး ကော့သောင်းမြို့ကို ရေလမ်းကနေ လာရောက်လွဲပြောင်း ပေးအပ်ခဲ့ကြတယ်လို့သိရပါတယ်။

သူတို့ကို ကိုဗစ်-၁၉ ကူးစက်မှုရှိမရှိစစ်ဆေးတာ၊ ကိုယ်ရေးအချက်အလက်စစ်ဆေးတာ ၊မူးယစ်ဆေးဝါးသယ်ဆောင်လာတာရှိမရှိစစ်ဆေးတာတွေကိုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

လက်ရှိမှာသူတို့ကို ကော့သောင်းမြို့က Quarantine Center ၃ ခုမှာ ၃ရက် အသွားအလာကန့်သတ်ထားရှိပြီး စောင့်ကြည့်ထားရှိမှာဖြစ်ပြ ရောဂါပိုးမတွေရှိမှ သူတို့နေရပ် ဒေသ အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးသွားမယ်လို့ဆိုပါတယ်။

အခုလထဲမှာပဲ ထိုင်းနိုင်ငံ ရနောင်းအချုပ်ကနေ ကော့သောင်းမြို့ကို မြန်မာရွှေ့ပြောင်းလုပ်သား ၃၆၅ ဦီးနဲ့ ကလေးငယ် ၃ ဦး ပြန်ပို့ခဲ့ပါသေးတယ်။

ထိုင်းနိုင်ငံတောင်ပိုင်းကအကျဥ်းထောင်တွေထဲမှာ လွတ်ရက်စေ့ပေမယ့် မြန်မာဘက်ကပြန်လည်ခေါ်ယူတာအရေအတွက်နည်းနေတာကြောင့် စောင့်ဆိုင်းနေတဲ့ မြန်မာနိုင်ငံသား ၄၀၀၀ လောက်အထိရှိနေတယ်လို့လည်းသိရပါတယ်။

The Tanintharyi Times