မွန်မှာ စစ်ကောင်စီယာဥ်တန်းတိုက်ခိုက်ခံရပြီး ၄ဦးသေဆုံး၊ ၂ ဦးဒဏ်ရာအပြင်းအထန်ရ
မွန်မှာ စစ်ကောင်စီယာဥ်တန်းတိုက်ခိုက်ခံရပြီး ၄ဦးသေဆုံး၊ ၂ ဦးဒဏ်ရာအပြင်းအထန်ရ
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ကနေ ရေးမြို့နယ်ဘက်ကိုဖြတ်သန်းလာတဲ့ စစ်ကောင်စီယာဉ်တန်းကို မနေ့က ညနေ ၆နာရီဝန်းကျင်မှာ တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့က တိုက်ခိုက်ခဲ့ပါတယ်။
ခြုံခိုတိုက်ခိုက်ခံရတဲ့ယာဥ်တန်းမှာ စစ်ကောင်စီကား ၄ စီးပါဝင်ပြီး ကနင်ကမော့ရွာနဲ့ အောင်သာယာရွာကြားက ပရာသားတံတားအနီးမှာ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတာပါ။
အဲလိုတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးခဲ့ပြီး ၂ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
သွားရောက်တိုက်ခိုက်ခဲ့တဲ့ တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့ဘက်ကတော့ တစုံတရာထိခိုက်မှုမရှိခဲ့ဘူးလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
လွန်ခဲ့တဲ့ ၅ရက်ကလည်း သံဖြူဇရပ်ဘက်ကနေ ရေးဘက်ကိုဖြတ်လာတဲ့ စစ်ကောင်စီကား ၁၀ စီးပါယာဥ်တန်း ပိန္နဲတောရွာနဲ့ အေးကမ္ဘာရွာကြားမှာ တိုက်ခိုက်ခံခဲ့ရပြီး စစ်ကောင်စီတပ်သား ၂၀ ဦးအထက်သေဆုံးခဲ့ပါတယ်။
The Tanintharyi Times
