ဘန်ကောက်သံရုံးမှာ နိုင်ငံကူးလက်မှတ်အသစ်ပြုလုပ်ပေးတာကို ခေတ္တရပ်တန့်ထားမယ်

ဘန်ကောက်သံရုံးမှာ နိုင်ငံကူးလက်မှတ်အသစ်ပြုလုပ်ပေးတာကို ခေတ္တရပ်တန့်ထားမယ်

နိုင်ငံကူးလက်မှတ်ပြုလုပ်ပေးတာကို လာမဲ့ အင်္ဂါနေ့ ၊ ဩဂုတ် ၂ ရက်ကနေစပြီး ခေတ္တရပ်တန့်ထားမယ်လို့ ဘန်ကောက်ရှိ မြန်မာသံရုံးက ကြေညာထားပါတယ်။

ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးမှာ နိုင်ငံကူးလက်မှတ်အသစ်တွေကို ပြုလုပ်ပေးရာမှာ အသုံးပြုတဲ့ စက်အစိတ်အပိုင်းဖြစ်တဲ့ ကွန်ပျူတာရှိ မှတ်တမ်းတွေကို ပြည်လည်စစ်ဆေးဖို့၊ တချို့ Software တွေ အစားထိုးပြုပြင်ဖို့ စတဲ့ လုပ်ငန်းတွေ ဆောင်ရွက်ဖို့ ရက်အနည်းငယ် ရပ်တန့်ထားမှာဖြစ်တယ်လို့ သံရုံးက ကြေညာထားတာပါ။

ဘယ်နေ့မှာစပြီး ပြန်လည်ဆောင်ရွက်ပေးမယ်ဆိုတာတော့ ကြေညာချက်မှာ မဖော်ပြထားပါဘူး။

ထောက်ခံစာနဲ့ ဗီဇာ ဆိုင်ရာ ကိစ္စရပ်တွေကိုတော့ ရုံးဖွင့်ရက်တွေမှာ ပုံမှန်အတိုင်း ဆက်လက်ဆောင်ရွက်ပေးမယ်လို့ ဆိုပါတယ်။

နိုင်ငံကူးလက်မှတ် (Passport)ပြုလုပ်ဖို့ ရက်ချိန်းရယူထားသူတွေ၊ တိုကင်ရယူထားသူတွေအနေနဲ့ သိမ်းဆည်းထားပြီး စက်တွေ ပြန်လည် ကောင်းမွန်ချိန်မှာ ထပ်မံ အသိပေးကာ ပြန်လည်ဆောင်ရွက်သွားမယ်လို့ ကြေညာထားပါတယ်။

ဘန်ကောက်ရှိ မြန်မာသံရုံးကို ထိုင်းဘုရင် မဟာဗာဂျီယာလောင်ကွန်း H.M. King Maha Vajiralongkorns ရဲ့မွေးနေ့ အထိမ်းအမှတ်အနေနဲ့ ဒီနေ့နဲ့ မနေ့က ၂ ရက်ပိတ်ထားတာပါ။

The Tanintharyi Times