သရက်နှစ်ခွရွာက အမျိုးသားတစ်ဦးပစ်သတ်ခံရ

သရက်နှစ်ခွရွာက အမျိုးသားတစ်ဦးပစ်သတ်ခံရ

သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွကျေးရွာက အသက်ကြီးပိုင်း အမျိုးသားတစ်ဦး ဒီနေ့မနက်ပိုင်းမှာ သေနတ်နဲ့ပစ်ခံက်ရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ပစ်သတ်ခံရသူဟာ အသက် ၆၀ ကျော်အရွယ် ဦးထွန်းစိန်ဆိုသူဖြစ်တယ်လို့ သိရပါတယ်။

သူ့ကို ဒီနေ့မနက် ၆နာရီကျော်လောက်မှာ အမည်မသိအဖွဲ့က သေနတ်နဲ့ လာရောက်ပစ်ခတ်သွားတာလို့ ဒေသခံကဆိုပါတယ်။

“ရွာထိပ်က လယ်ကွင်းနားကိုဆိုင်ကယ်နဲ့သွားချိန်ပစ်ခံရတာပါ။ သေနတ်သံကြားလိုက်တာက ၆ ချက်လောက်ရှိမယ်။” လို့ဒေသခံတစ်ဦးက ပြောပါတယ်။

အခုပစ်သတ်ခံရသူဟာ စစ်ကောင်စီသတင်းပေးလို့နာမည်ထွက်နေသူဖြစ်တယ်လို့လည်း ​ဒေသခံကဆိုပါတယ်။

အခုပစ်သတ်ခံရပြီးနောက်မှာလည်း သူဟာစစ်ကောင်စီသတင်းပေးဖြစ်ကြောင်း ပြောဆိုနေတာတွေကြားရတယ်လို့ဒေသခံကဆိုပါတယ်။

အခုပစ်ခတ်မှုကို ဘယ်အဖွဲ့ကလုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

သရက်နှစ်ခွရွာဟာ ထားဝယ်-သရက်ချောင်း ကားလမ်းပေါ်မှာရှိပြီး ရွာနဲ့မလှမ်းမကမ်းမှာ ဥတ္တူတံတား စစ်ကောင်စီဂိတ်စခန်းရှိပါတယ်။

The Tanintharyi Times