ကျောက်ဆင်က ပျူစောထီးခေါင်းဆောင်ဆိုသူတစ်ဦးပစ်သတ်ခံရ

ကျောက်ဆင်က ပျူစောထီးခေါင်းဆောင်ဆိုသူတစ်ဦးပစ်သတ်ခံရ

လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာက ပျူစောထီးခေါင်းဆောင်တစ်ဦးကို ဒီနေ့ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ လောင်းလုံး PDFက သတင်းထုတ်ပြန်ပါတယ်။

ပစ်သတ်ခံရတာဟာ ပျူစောထီးခေါင်းဆောင် ဦးဆန်းမင်းဦးဆိုသူဖြစ်ပြီး သဘော့ဆိပ်ပျူစောထီးခေါင်းဆောင် ဦးလေးလေးရဲ့တပည့်အရင်းလည်းဖြစ်တယ်လို့သိရပါတယ်။

သူဟာ ဒီနေ့နေ့လည် ၂ နာရီ ၄၅မိနစ်အချိန်က ကျောက်ဆင်ကျေးရွာလမ်းပိုင်းတစ်နေရာမှာ ပစ်သတ်ခံလိုက်ရတာပါ။

သူ့ရဲ့သမက်ဖြစ်သူဟာ စစ်ကောင်စီတပ် ခလရ ၁၀၄ တပ်ရဲ့တပ်သားဖြစ်ပြီး ဦးဆန်းမင်းဦးကတော့ သမက်အားကိုးနဲ့ပျူစောထီးသင်တန်းပေးတာတွေပြုလုပ်နေသူဖြစ်တယ်လို့လည်း လောင်းလုံးPDF ကဆိုပါတယ်။

အခုလုပ်ရပ်ဟာ ကျေးရွာနေပြည်သူတွေနဲ့သက်ဆိုင်မှုမရှိဘဲ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့လုပ်ရပ်ဖြစ်တယ်လို့ ထုတ်ပြန်ရေးသားထားပါတယ်။

စစ်ကောင်စီသတင်းပေး သူလျှိုတွေ ၊ပျူစောထီးတွေအနေနဲ့လည်း အခုလုပ်ဆောင်နေတာတွေကိုရပ်တန်းကရပ်ပြီး အလင်းဝင်ရောက်ဖို့နဲ့ ဆက်လက်လုပ်ဆောင်နေရင် အမြစ်ပြတ်ရှင်းလင်းသွားမယ်လို့သတိပေးထားပါတယ်။

The Tanintharyi Times