သရက်ချောင်းမြို့နယ်က စစ်ကောင်စီသတင်းပေးဆိုသူတစ်ဦး ပစ်သတ်ခံရ
သရက်ချောင်းမြို့နယ်က စစ်ကောင်စီသတင်းပေးဆိုသူတစ်ဦး ပစ်သတ်ခံရ
သရက်ချောင်းမြို့နယ်၊ ကင်းရှေ့ကျေးရွာက အမျိုးသားတစ်ဦး ဒီနေ့မနက်စောစောအချိန်က ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေထံကနေသိရပါတယ်။
ပစ်သတ်ခံရသူဟာ အသက် ၄၇နှစ်ခန့် အရွယ် ဦးကြိုင်လင်းဆိုသူဖြစ်ပြီး စစ်ကောင်စီသတင်းပေးပြုလုပ်နေသူတစ်ဦးဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။
ဦးကြိုင်လင်းကို မနက်၄နာရီလောက်မှာ ကင်းရှေ့ကျေးရွာကသူ့ရဲ့နေအိမ်မှာပဲ လာရောက်ပစ်သတ်သွားခဲ့ကြတာလို့ သိရပါတယ်။
“သူက စစ်ကောင်စီစစ်ကြောင်းဝင်ရင် လိုက်ပေးတာမျိုးရှိတယ်။ သူ့သဘောနဲ့သူလိုက်ပေးတာမျိုးပါ။ နောက်ပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ အခြေအနေနဲ့ လမ်းကြောင်းတွေကိုထောက်လှမ်းနေတာမျိုးလည်းရှိတယ်” လို့ ဒေသခံရွာသားတစ်ဦးက ပြောပါတယ်။
အဲဒီအပေါ်မှာ တနင်္သာရီတိုင်းမ် အနေနဲ့သီးခြားအတည်ပြုချက်ရယူနိုင်တာမျိုးတော့မရှိသေးပါဘူး။
ဦးကြိုင်လင်းကို ဘယ်အဖွဲ့ကပစ်သတ်ခဲ့တယ်ဆိုတာကိုလည်း ထုတ်ပြန်ထားတာမျိုးမရှိသေးပါဘူး။
The Tanintharyi Times
