မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်း(MSRO) နဲ့ ရေးဘီလူးအဖွဲ့တို့ မဟာမိတ်ဖွဲ့

မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်း(MSRO) နဲ့ ရေးဘီလူးအဖွဲ့တို့ မဟာမိတ်ဖွဲ့

ဓာတ်ပုံ - MSRO

မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်း(MSRO) နဲ့ ရေးမြို့နယ် ရေးဘီလူးအဖွဲ့တို့ မဟာမိတ်ဖွဲ့ပူးပေါင်းလိုက်တယ်လို့ MSROက သတင်းထုတ်ပြန်ပါတယ်။

နောက်ပိုင်းမှာပြုလုပ်မယ့် စစ်ဆင်ရေးတွေကိုလည်း ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်သလိုအာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ မဟာမိတ်အဖြစ် အတူတကွ လက်တွဲဆောင်ရွက်သွားမှာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဆိုထားပါတယ်။

ရေးဘီလူးအဖွဲ့ဟာ ရေးမြို့နယ်၊ အစင်ကျေးရွာအဝင် တံတားအနီးက လုံခြုံရေးကင်းကို မနေ့က မနက်ပိုင်းမှာ ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီတပ်သားနဲ့ပျူစောထီး ၅ဦးသေဆုံးပြီး မောင်းပြန်သေနတ် ၃လက်သိမ်းဆည်းရမိခဲ့ပါတယ်။

The Tanintharyi Times