လောင်းလုံမြို့နယ်မှာ ပျူစောထီးအဖွဲ့ဝင်အမျိုးသမီးတစ်ဦး ပစ်သတ်ခံရ
လောင်းလုံမြို့နယ်မှာ ပျူစောထီးအဖွဲ့ဝင်အမျိုးသမီးတစ်ဦး ပစ်သတ်ခံရ
လောင်းလုံမြို့နယ်၊ ပန်းဒလဲရွာက ပျူစောထီးအဖွဲ့ဝင် အမျိုးသမီးတစ်ဦးကို ဒီနေ့မနက်ပိုင်းမှာ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Dawei Defense Team (DDT) အဖွဲ့ကထုတ်ပြန်ပါတယ်။
မနက် ၇ နာရီ ၁၀ မိနစ်မှာ သေနတ်နဲ့ပစ်ခံခဲ့ရတဲ့ ဒေါ်သန်းသန်းတင့်ဟာ ကျေးရွာစျေးတွေမှာ စစ်ကြေးကောက်ခံတာတွေပြုလုပ်ပြီး စစ်ကောင်စီကိုကျောထောက်နောက်ခံ ကူညီပေးနေသောသူတစ်ဦးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ဒီပစ်ခတ်မှုဟာ Dawei Defense Team မှ ရဲဘော်တို့မှလုပ်ဆောင်ခဲ့တာဖြစ်ပြီး ကျေးရွာနေ ပြည်သူတွေနဲ့ သက်ဆိုင်မှုမရှိကြောင်း ကိုလည်း ထုတ်ပြန်ကြေညာထားပါတယ်။
ယခင်လကလည်း ပန်းဒလဲကျေးရွာမှာပဲ ပျူစောထီးခေါင်းဆောင် ကိုဇော်နဲ့ သူရဲ့တပည့်ဆိုသူ ကိုအောင်ကျော်သက်တို့ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။
