ထားဝယ်တက္ကသိုလ်နဲ့ ဂျပန်နိုင်ငံတက္ကသိုလ်တို့ နားလည်မှုစာချွန်လွှာ လက်မှတ်ထိုး

ထားဝယ်တက္ကသိုလ်နဲ့ ဂျပန်နိုင်ငံတက္ကသိုလ်တို့ နားလည်မှုစာချွန်လွှာ လက်မှတ်ထိုး

ထားဝယ်တက္ကသိုလ်နဲ့ ဂျပန်နိုင်ငံ တိုကျိုမက်ထရိုပိုလီတန်တက္ကသိုလ်တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ မြန်မာ့အသံသတင်းဌာနမှာ ဖော်ပြပါတယ်။

အဲဒီလက်မှတ်ရေးထိုးတဲ့ အခမ်းအနားကို ဇူလိုင်လ ၂၅ ရက်က ထားဝယ်တက္ကသိုလ်အစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပြီး စစ်ကောင်စီခန့်တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြတ်ကိုတက်ရောက်ခဲ့ပါတယ်။

ထားဝယ်တက္ကသိုလ် သတ္တဗေဒဘာသာရပ်နဲ့ပတ်သက်လို့ တက္ကသိုလ်နှစ်ခုကြား MoU ထိုးတာဖြစ်ပြီး စာချွန်လွှာပါအသေးစိတ်အချက်အလက်ကိုတော့မသိရသေးပါဘူး။

ဒီလက်မှတ်ရေးထိုးပွဲကို ထားဝယ်တက္ကသိုလ်ဘက်က ပြုလုပ်တာဖြစ်ပြီး အဲဒီစာချွန်လွှာပေါ်မှာ ဂျပန်တက္ကသိုလ်ဘက်က ထပ်ထိုးမှာဖြစ်တယ်လို့ သိရပါတယ်။

စစ်တပ်အာဏာမသိမ်းခင်ကလည်း ထားဝယ်တက္ကသိုလ်နဲ့ အမေရိကန်၊ ထိုင်းနိုင်ငံတို့က တက္ကသိုလ်တချို့နဲ့ MoU ရေးထိုးခဲ့တာတွေရှိခဲ့ဖူးပါတယ်။

The Tanintharyi Times