စစ်ကောင်စီတပ်ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်စထိမှန်ပြီး အရပ်သားတစ်ဦးသေဆုံး

စစ်ကောင်စီတပ်ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်စထိမှန်ပြီး အရပ်သားတစ်ဦးသေဆုံး

ပုလောမြို့နယ်၊ ကျောင်းနိမ့်ရွာကို စစ်ကောင်စီတပ် ခလရ(၂၈၅)တပ်ရင်းက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်စထိမှန်ပြီး အမျိုးသားတစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။

မနေ့ကညနေ ၅ နာရီခွဲဝန်းကျင်မှာ ပစ်ခတ်ခံခဲ့ရတာဖြစ်ပြီး သေဆုံးသူဟာ အသက် ၅၂ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပါတယ်။

သေဆုံးသူနဲ့နီးစပ်သူဒေသခံအမျိုးသားတစ်ဦးက ”အိမ်ကရွာထဲမှာပါ။ ကျည်ကအိမ်နောက်ဘက်ကိုကျတာ။ ကျန်တဲ့မိသားစုဝင်တွေက ဘေးကင်းပါတယ်။” လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပုလောအခြေစိုက် ခလရ(၂၈၅)တပ်ရင်းက လက်နက်ကြီးနဲ့ ရွာထဲကို ပစ်ခတ်ခဲ့တာဖြစ်ပြီး အဆိုပါကျည်စက ကျောင်းနိမ့်ရွာခံအမျိုးသားရဲ့ ဘယ်ဘက်ရင်အုံကိုထိမှန်ကာ နေအိမ်မှာပဲ သေဆုံးခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ ကျောင်းနိမ့်ရွာကို ဒရုန်းနဲ့ကင်းထောက်ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်လေ့ရှိပါတယ်။ အဲဒီလိုပစ်ခတ်မှုကြောင် အခုနှစ်မတ်လက ပြည်သူ့ကာကွယ်‌ရေးရဲဘော် ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့သလို အရပ်သား ၂ ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

အခုနှစ်ဧပြီလကလည်း ကျောင်းနိမ့်ရွာကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်လို့ အမျိုးသမီးငယ်တစ်ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ကျောင်းနိမ့်ရွာမှာ စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်ပစ်ခတ်မှုကြောင့် အရပ်သားထိခိုက်သေဆုံးတာတွေရှိသလို ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကထောင်ထားတဲ့ မိုင်းနင်းမိပြီး အရပ်သားသေဆုံးတဲ့ဖြစ်စဥ်တွေလည်းရှိခဲ့ပါတယ်။

The Tanintharyi Times