ထိုင်းဝန်ကြီးချုပ်ဖယ်ထုံတန် အယုံအကြည်မရှိအဆိုကလွတ်မြောက်ပြီး တာဝန်ဆက်ထမ်းခွင့်ရ
ထိုင်းဝန်ကြီးချုပ်ဖယ်ထုံတန် အယုံအကြည်မရှိအဆိုကလွတ်မြောက်ပြီး တာဝန်ဆက်ထမ်းခွင့်ရ
စီးပွားရေးကျဆင်းမှုတွေ နဲ့ ဖခင်ဖြစ်သူ ဆက်ဆင်ရဲ့ လွှမ်းမိုးတွေကြောင့် အယုံအကြည်မရှိ အဆို တင်သွင်းခံရတဲ့ ထိုင်းဝန်ကြီးချုပ် ဖယ်ထုံတန် ရှင်နာဝပ်ဟာ လွှတ်တော်တွင်း မဲခွဲမှုရလဒ် အရ ဝန်ကြီးချုပ်အဖြစ်ဆက်လက် တာဝန်ထမ်းဆောင်ခွင့်ရသွားတယ်လို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။
ဖယ်ထုံတန်ရှင်နာဝပ် ကိုအယုံအကြည်မရှိကြောင်းတင်သွင်းတဲ့ အဆိုကို ထိုင်းလွှတ်တော်မှာ နှစ်ရက်ဆက်တိုက်ဆွေးနွေးပြီး ဒီနေ့မနက်ပိုင်းမှာ မဲခွဲတဲ့ တာဖြစ်ပါတယ်။
မဲခွဲမှု ရလဒ်တွေအရ အယုံအကြည်မရှိအဆိုကိုထောက်ခံသူ ၁၆၂ မဲသာရှိခဲ့ပြီး ဖယ်ထုံတန်ကို ဝန်ကြီးအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်စေလိုတဲ့ မဲ ၃၁၉ မဲ နဲ့ ကြားနေမဲ ၇ မဲရှိခဲ့တာဖြစ်ပါတယ်။
ဖယ်ထုန်တန်ရဲ့ ညွန့်ပေါင်းအဖွဲ့ဟာ အောက်လွှတ်တော်မှာ နေရာပေါင်း ၅၀၀ရှိတဲ့အနက် နေရာ ၃၂၀ ကိုထိန်းချုပ်ထားတာဖြစ်ပါတယ်။ အယုံအကြည်မရှိအဆိုအောင်မြင်ဖို့ မဲဆန္ဒနယ် ၅၀၀ ရဲ့ ထက်ဝက်ခန့် လိုအပ်တာဖြစ်ပြီး ၁၆၂ မဲသာ ထောက်ခံခဲ့လို့ အယုံအကြည်မရှိ အဆိုရှုံးနိမ့်သွားတာဖြစ်ပါတယ်။
ဖယ်ထုံတန် ဟာဝန်ကြီးချုပ်အဖြစ်ဆက်ရှိဖို့ Bhumjaithai ပါတီက ကြောထောက်နောက်ခံပေးခဲ့တာဖြစ်တယ်လို့လည်း ထိုင်းသတင်းတွေကဖော်ပြပါတယ်။
အယုံအကြည်မရှိ အဆိုမဲခွဲပြီးနောက်မှာ ဖယ်ထုံတန် ရဲ့ ဖွေထိုင်းပါတီခေါင်းဆောင်တွေ အမတ်တွေ နဲ့ Bhumjaithai ပါတီ ခေါင်းဆောင်တွေ ဓာတ်ပုံတွဲရိုက်ခဲ့ကြတယ်လို့လည်း ထိုင်းသတင်းဌာန The Reporters က ဖော်ပြပါတယ်။
ထိုင်းဝန်ကြီးချုပ်ရဲ့ အယုံအကြည်မရှိအဆိုကိုဆွေးနွေးချိန်မှာ ဝန်ကြီးချုပ်ဟာ ထိုင်းနိုင်ငံရဲ့ စီးပွားရေးထက် ဖွေထိုင်းပါတီ အကြိုးစီးပွား နဲ့ ညွှန့်ပေါင်း အဖွဲ့တွေရဲ့ အကျိုးစီးပွားလုပ်ဆောင်နေခဲ့ပြီး ဖခင်ဖြစ်သူ သက်ဆင်ရဲ့ လွှမ်းမိုးမှုကိုခံနေရတယ်လို့ အတိုက်အခံအမတ်တွေကထောက်ပြခဲ့ပါတယ်။
ထိုင်း စစ်ဦးချုပ်ဟောင်းလည်းဖြစ်၊ ပလန် ပရာချာရတ်ပါတီရဲ့ လွှတ်တော်အမတ်လည်းဖြစ်တဲ့ ပရာဝစ် ဝေါင်ဆူဝန် က ဖယ်ထုံတန် ရှင်နာဝပ်ကို အပျော်တမ်းဝန်ကြီးချုပ်တစ်ဦးလို့ပျော်ဆိုခဲ့ပြီး သက်ဆင်ရဲ့ အလုပ်သင် လို့ ဝေဖန်ပြောဆိုခဲ့တာပါ။
ထိုင်းအတိုက်ခံပါတီတစ်ခု ဖြစ်တဲ့ People ပါတီကလည်း ဝန်ကြီးချုပ် ဖယ်ထုံတန် ဟာ နိုင်ငံရဲ့ ဂုဏ်သိက္ခာနဲ့ပြည်သူရဲ့ ယုံကြည်မှုကို ထိခိုက်စေတဲ့ကိစ္စတွေ လုပ်ဆောင်ခဲ့ပြီး တာဝန်ခံမှု တာဝန်ယူမရှိမရှိခြင်း ၊ မူဝါဒတွေ ၊ကတိတွေဖောက်ဖျက်ခြင်း၊ ခြစားမှုကိုတိုက်ဖျက်ရမယ့် အစားသည်းခံခွင့်လွှတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆွေးနွေးခဲ့ပါတယ်။
ဒါ့အပြင် အစိုးရတစ်ဖွဲ့လုံးဟာ သက်ဆင်ရဲ့ ဩဇာလွှမ်းမှုအောက်ရောက်နေပြီး ဝန်ကြီးချုပ် ဖယ်ထုံတန်ဟာ အမည်ခံထားရုံ ခေါင်းဆောင်သာဖြစ်ပြီး သူမဆက်လက်တာဝန်ယူနေပါက ရေရှည်မှာ ထိခိုက်မှုတွေ များလာမယ်လို့ People ပါတီခေါင်းဆောင်တွေကပြောဆိုခဲ့တာပါ။
ကိုးကား – The Reporters, The Nation Thailand
(ယခုဘာသာပြန်သတင်းကို The Tanintharyi Times နဲ့ Connect Burma သတင်းခန်းတို့ပူးပေါင်းတင်ဆက်ပါတယ်)
The Tanintharyi Times
