ထိုင်းဝန်ကြီးချုပ်ကို အတိုက်အခံတွေ အယုံအကြည်မရှိအဆိုတင်

ထိုင်းဝန်ကြီးချုပ်ကို အတိုက်အခံတွေ အယုံအကြည်မရှိအဆိုတင်

ထိုင်းဝန်ကြီးချုပ် ပေထုံတန် ရှင်နာဝပ် ကို ထိုင်းပါလီမန် လွှတ်တော်အမတ်တွေက အယုံအကြည်မရှိ မဆိုတင်သွင်းခဲ့ပြီး တခြားဝန်ကြီးတွေ ရဲ့အမည်ပါဝင်ခြင်းမရှိဘဲ ဝန်ကြီးချုပ် တစ်ဦးတည်းကို ဦးတည်ပြီး အယုံအကြည်မရှိအဆိုတင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ယုံကြည်မှုမရှိအဆိုကို ပါလီမန် လွှတ်တော်အမတ် ၁၆၆ဦးကလက်မှတ်ရေးထိုးပြီးတင်သွင်းခဲ့တာဖြစ်တယ် လို့ ထိုင်း Thai Enquirer သတင်းဌာနက ဖော်ပြပါတယ်။

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်း People ပါတီ ခေါင်းဆောင်လည်းဖြစ် လွှတ်တော် အမတ်တစ်ဦးလည်းဖြစ်တဲ့ နတ်သာပွန် ရူအန်ပန်ညာဝပ် က ယခု အဆိုတင်တာဟာ ထိုင်းဝန်ကြီးဌာန တွေနဲ့ ညွန့်ပေါင်းအစိုးရအဖွဲ့ဝင်တွေ ရဲ့ အဂတိလိုက်စားမှုတွေကို ဖော်ထုတ်ဖို့ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

အစိုးရ အဖွဲ့ ခေါင်းဆောင်မှုကင်းမဲ့နေပြီး အစိုးရ အဖွဲ့ထဲ မှာပါဝင်နေတဲ့ ညွန့်ပေါင်းပါတီတွေကိုလည်း ထိန်းချုပ်နိုင်စွမ်းမရှိဘူးလို့ အတိုက်အခံခေါင်းဆောင်ကဝေဖန်ပါတယ်။

အဆိုတင်သွင်းတဲ့ အထဲမှာတော့ ဝန်ကြီးချုပ်ဟာ နိုင်ငံတာဝန်များကို လျစ်လျူရှုကာ သူ့ပုဂ္ဂိုလ်ရေး ကိစ္စတွေဖြစ်တဲ့ ဖခင်ဖြစ်သူဝန်ကြီးချုပ်ဟောင်းသက်ဆင် နဲ့ မိသားစု အကျိုးစီးပွား၊ ညွန့်ပေါင်းပါတီတွေ ရဲ့ အကျိုးစီးပွားကို သာဦးစားလုပ်ဆောင်နေတယ်လို့ ထည့်သွင်းဖော်ပြထားပါတယ်။

ဝန်ကြီးချုပ် ပေထုုံတန် ဟာ နိုင်ငံရဲ့ ဂုဏ်သိက္ခာနဲ့ပြည်သူရဲ့ ယုံကြည်မှုကို ထိခိုက်စေတဲ့ကိစ္စတွေ လုပ်ဆောင်ခဲ့ပြီး တာဝန်ခံမှု တာဝန်ယူမရှိမရှိခြင်း ၊ မူဝါဒတွေ ၊ကတိတွေဖောက်ဖျက်ခြင်း၊ ခြစားမှုကိုတိုက်ဖျက်ရမယ့် အစားသည်းခံခွင့်လွှတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ လွှတ်တော်ရဲ့ အဆိုမှာ ဖော်ပြပါတယ်။

ပေထုံတန်လက်ထက်မှာ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး နဲ့ အုပ်ချုပ်ရေးကဏ္ဍတွေဟာလည်း ကျရှုံးနေပြီး ဒီမိုကရေစီ နဲ့ တရားဥပဒေစိုးမိုးရေးကလည်း အကျဘက်ကို ဦးနေတည်နေတာဖြစ်တယ်လို့ လွှတ်တော်အမတ်တွေကပြောဆိုထားပါတယ်။

အစိုးရတစ်ဖွဲ့လုံးဟာ သတ်ခ်ဆင်း၏ ဩဇာလွှမ်းမှုအောက်ရောက်နေပြီး ဝန်ကြီးချုပ် ပေထုံတန်ဟာ အမည်ခံထားရုံ ခေါင်းဆောင်သာဖြစ်ပြီး သူမဆက်လက်တာဝန်ယူနေပါက ရေရှည်မှာ ထိခိုက်မှုတွေ များလာမယ်လို့ အတိုက်တွေက ဆိုပါတယ်။

အဲ့ဒီအဆိုကို ထိုင်းလွှတ်တော်မှာ ၄ ရက်ကြာ ဆွေးနွေးသွားမယ်လို့ သိရှိရပါတယ်။

ထိုင်းနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် (NACC) ကို စုံစမ်းစစ်ဆေးဖို့လည်း ပါလီမန် အမတ် ၁၄၅ လက်မှတ်ရေးပြီး အထောက်အထား ၁၈ ခုတင်ပြခဲ့ပါတယ်။

ထိုင်း ဝန်ကြီးချုပ်ကို စွပ်စွဲပြစ်တင်တဲ့အထဲ မှာ အဓိက အချက်သုံးခုပါဝင်ပြီး ယခင်အစိုးရ ရဲ့ ဒုဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာဝစ် ဝေါင်ဆူဝမ် ရဲ့ ပိုင်ဆိုင်မှုတွေကို တရားရုံးကို စစ်ဆေးနေတာကို အစိုးရ အမိန့်နဲ့ ရပ်ဆိုင်းခဲ့တဲ့ အချက်လည်းပါဝင်ပါတယ်။

အဲ့ဒါနဲ့ပတ်သက်ပြီး ယခင် NACC အဖွဲ့ဝင် ငါးဦးအပေါ် ပြန်လည်စစ်ဆေးဖို့ လည်းတောင်းဆိုထားတာ ဖြစ်ပါတယ်။

ကိုးကား – Thai Enquirer

(ယခုဘာသာပြန်သတင်းကို The Tanintharyi Times နဲ့ Connect Burma သတင်းခန်းတို့ပူးပေါင်းတင်ဆက်ပါတယ်)

The Tanintharyi Times