အယုံအကြည်မရှိအဆိုကို ချေပဖို့ အဆင်သင့်ဖြစ်နေပြီလို့ ထိုင်းဝန်ကြီးချုပ်ပြော
အယုံအကြည်မရှိအဆိုကို ချေပဖို့ အဆင်သင့်ဖြစ်နေပြီလို့ ထိုင်းဝန်ကြီးချုပ်ပြော

အတိုက်အခံ လွှတ်တော်အမတ်တွေ တင်သွင်းထားတဲ့ အယုံအကြည်မရှိအဆိုကို ပြန်လည်ချေပဖို့ အဆင်သင့် ဖြစ်နေပြီလို့ ထိုင်းဝန်ကြီးချုပ် ပေထုံတန် ရှင်နာဝပ် ကပြောကြားခဲ့တယ်လို့ ဘန်ကောက်ပို့စ် သတင်းမှာဖော်ပြထားပါတယ်။
ဝန်ကြီးချုပ် ပေထုံတန် ရှင်နာဝပ် ကို အယုံအကြည်မရှိ အဆိုတင်သွင်းထားတာကို ထိုင်းလွှတ်တော် မှာ ဒီနေ့ မတ်လ ၄ ရက်နေ့မှာ ဆွေးနွေးမှုတွေ စတင်ပြုလုပ်နေတာဖြစ်ပါတယ်။
သူမကို စွပ်စွဲထားတာတွေကို ချက်ကျလက်ကျ တုန့်ပြန်ဖို့ ပြင်ဆင်ထားတယ်လို့ ပြောကြားခဲ့ကြောင်း ဘန်ကောက်ပို့စ် ကဆိုပါတယ်။
ထိုင်းပါလီမန် လွှတ်တော်အမတ် ၁၆၆ဦးကလက်မှတ်ရေးထိုးပြီးတင်သွင်းထားတဲ့ အယုံအကြည်မရှိအဆိုထဲမှာ ဝန်ကြီးချုပ် ပေထုံတန် ရှင်နာဝပ် ဟာ ခေါင်းဆောင်နိုင်စွမ်းမရှိ ဘဲ သူ့ရဲဖခင်ပြည်ပြေး ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်က အစိုးရအဖွဲ့ပေါ်လွှမ်းမိုးတာတွေ ရှိနေတယ်လို့ စွပ်စွဲထားတာ ဖြစ်ပါတယ်။
သတင်းထောက်တွေက ဝန်ကြီးချုပ်ကို လွှတ်တော်မှာ ဖြေရှင်းဖို့ ပြင်ဆင်ပြီးပြီးလားလို့ မေးမြန်းရာမှာ ချက်ကျလက်ချရှင်းပြမယ်လို့ ပြောဆိုခဲ့ပြီး သူမရဲ့ ဦးဆောင်နိုင်စွမ်းကိုတော့ ပြည်သူတွေ အကဲဖြတ်တာ ခံယူမယ်လို့ ပြောဆိုခဲ့ပါတယ်။
ထိုင်းဝန်ကြီးချုပ် ပေထုံတန် ရှင်နာဝပ် ကို အယုံအကြည်မရှိအဆို တင်သွင်းခဲ့တဲ့ အထဲမှာ Move Forward ကို နာမည်ပြောင်းထားတဲ့ ထိုင်း People ပါတီ အမတ်တွေလည်းတွေ ပါဝင်တယ်လို့သိရပါတယ်။
People ပါတီ ခေါင်းဆောင်လည်းဖြစ် လွှတ်တော် အမတ်တစ်ဦးလည်းဖြစ်တဲ့ နတ်သာပွန် ရူအန်ပန်ညာဝပ် က ယခု အဆိုတင်တာဟာ ထိုင်းဝန်ကြီးဌာန တွေနဲ့ ညွန့်ပေါင်းအစိုးရအဖွဲ့ဝင်တွေ ရဲ့ အဂတိလိုက်စားမှုတွေကို ဖော်ထုတ်ဖို့ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
အဆိုတင်သွင်းတဲ့ အထဲမှာတော့ ဝန်ကြီးချုပ်ဟာ နိုင်ငံတာဝန်များကို လျစ်လျူရှုကာ သူ့ပုဂ္ဂိုလ်ရေး ကိစ္စတွေဖြစ်တဲ့ ဖခင်ဖြစ်သူဝန်ကြီးချုပ်ဟောင်းသက်ဆင် နဲ့ မိသားစု အကျိုးစီးပွား၊ ညွန့်ပေါင်းပါတီတွေ ရဲ့ အကျိုးစီးပွားကို သာဦးစားလုပ်ဆောင်နေတယ်လို့ ထည့်သွင်းဖော်ပြထားပါတယ်။
(ယခုဘာသာပြန်သတင်းကို The Tanintharyi Times နဲ့ Connect Burma သတင်းခန်းတို့ပူးပေါင်းတင်ဆက်ပါတယ်)
The Tanintharyi Times