စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ထားဝယ်အမျိုးသားနေ့အတွက် ငွေကျပ် ၇၅ သိန်းလှူ

စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ထားဝယ်အမျိုးသားနေ့အတွက် ငွေကျပ် ၇၅ သိန်းလှူ

ပုံစာ - အလှူငွေကို ထားဝယ်လူမျိုးစုစည်းမှုကော်မတီ (ဗဟို)ဦးစီးနာယက၊ ဂုဏ်ထူးဆောင်ဥက္ကဌ ဒုတိယဗိုလ်မှူးကြီးတင်မြ (ငြိမ်း) က လက်ခံရယူခဲ့ပါတယ်။ (ဓာတ်ပုံ - IPRD)

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့တဲ့ ပဉ္စမကြိမ်မြှောက် ထားဝယ်အမျိုးသားနေ့ အခမ်းအနားမှာ အာဏာသိမ်းစစ်ခေါင်ဆောင်က ငွေကျပ် ၇၅သိန်း ပေးပို့လှူဒါန်းခဲ့ပါတယ်။

အဲဒီအမျိုးသားနေ့အခမ်းအနားကို မူးယစ်ဆေးဝါးနဲ့ငွေကြေးခဝါချမှုတွေနဲ့ထိုင်းနိုင်ငံမှာဖမ်းဆီးခံထားရတဲ့ စစ်ကောင်စီရဲ့ လက်နက်ပွဲစား ဒေါက်တာထွန်းမင်းလတ်ပိုင်ဆိုင်တဲ့ ဟိုတယ်ထားဝယ်မှာကျင်းပခဲ့တာပါ။

အခမ်းအနားကို စစ်ကောင်စီခန့် တနင်္သာရီတိုင်းဝန်ကြီးချုပ်ဦးမြတ်ကိုနဲ့ အဖွဲ့ဝင်တွေတက်ရောက်ခဲ့ကြပါတယ်။

ထားဝယ်အမျိုးသားနေ့အခမ်းအနားတွေကိုနှစ်စဥ် သဝဏ်လွှာပေးပို့လေ့ရှိတဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ဒီနှစ်မှာလည်း အစဥ်အလာမပျက်သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

နတ်တော်လဆန်း ၁ ရက်နေ့ကို ထားဝယ်အမျိုးသားနေ့လို့သတ်မှတ်ထားပြီး ရန်ကုန်၊ ထားဝယ်နဲ့ တခြားနေရာတချို့မှာ နှစ်စဥ်အခမ်းအနားတွေကျင်းပလေ့ရှိကြပါတယ်။

ထားဝယ်အမျိုးသားနေ့အခမ်းအနားကို ပြည်သူတွေကြားထဲမှာတော့ကျင်းပနေတာမျိုးမရှိတဲ့အပြင် အမျိုးသားနေ့အနေနဲ့သတ်မှတ်ထားတဲ့အပေါ်မှာလည်း ဝေဖန်မှုတွေရှိနေပါတယ်။

The Tanintharyi Times