KNU ညောင်လေးပင်ခရိုင်မှာ စစ်တပ်က ဂျက်လေယာဉ် နဲ့ ဗုံးကျဲလို့ အရပ်သားတစ်ဦးသေဆုံး ပြီး KNLA – ပူးပေါင်းတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရ
KNU ညောင်လေးပင်ခရိုင်မှာ စစ်တပ်က ဂျက်လေယာဉ် နဲ့ ဗုံးကျဲလို့ အရပ်သားတစ်ဦးသေဆုံး ပြီး KNLA – ပူးပေါင်းတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၃ နယ်မြေ ညောင်လေးပင်ခရိုင် မှာ အကြမ်းဖက် စစ်ကောင်စီတပ်က ဂျက်လေယာဉ် နဲ့ ဗုံးကျဲလို့ အရပ်သားပြည်သူတစ်ဦး သေဆုံးပြီး KNLA – ပူးပေါင်းတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟို ကထုတ်ပြန်ပါတယ်။
KNU အုပ်ချုပ်နယ်မြေ ခလယ်လွီထူ (ညောင်လေးပင်) ခရိုင် က လယ်ဒို(ကျောက်ကြီး)မြို့နယ် က သဲသောမူသဲသောခွား ကျေးရွာ က လူနေအိမ်တွေကြားထဲကို စစ်ကောင်စီတပ်တွေလေယာဉ်နဲ့ ဗုံးကျဲ လို့ အသက်၂၈ နှစ်အရွယ် အရပ်သားစောဘဘယ်စယ်ဖိုး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် KNLA-ပူးပေါင်းတပ်ဖွဲ့မှရဲဘော် မေတ္တာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ထုတ်ပြန်ချက်ကဆိုပါတယ်။
ကရင်အမျိုးသားအစည်း အရုံး KNU ရဲ့ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင် အတွင်းမှာရှိတဲ့ ရွေကျင် နဲ့ ကျောက်ကြီး မြို့နယ် အတွင်းက အရပ်သားတွေ နေထိုင်ကျေးရွာတွေကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး နဲ့ ပစ်လို့ နေအိမ်တစ်ဆောင် နဲ့ ဘုရားကျောင်း တစ်ကျောင်း ပျက်စီးခဲ့ကြာင်း ဩဂုတ်လ ၂၄ ရက်နေ့မှာ KNU ထုတ်ပြန်ပါသေးတယ်။
စစ်ကောင်စီတပ်တွေဟာ ရွေကျင် နဲ့ ကျောက်ကြီး မြို့နယ်ထဲ ကျေးရွာအများအပြား ကို လက်နက်ကြီး ဒါဇင်နဲ့ ချီ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်အရသိရှိရပါတယ်။
The Tanintharyi Times