ထားဝယ်-ရေးကားလမ်းပေါ် စစ်ကောင်စီတပ်သား တွေ မိုင်းဆွဲခံရပြီး ၆ ဦးခန့်သေဆုံး

ထားဝယ်-ရေးကားလမ်းပေါ် စစ်ကောင်စီတပ်သား တွေ မိုင်းဆွဲခံရပြီး ၆ ဦးခန့်သေဆုံး

ဓာတ်ပုံ - ပုံဟောင်းအသုံးပြုထားပါတယ်။

ထားဝယ်-ရေး ကားလမ်းပေါ်က မောင်မယ်ရှောင်ရွာနဲ့ ဇဟာရွာကြားမှာ မိုင်းရှင်းလင်းဖို့ရောက်လာတဲ့ စစ်ကောင် ​

စီတပ်သားတွေကို တိုက်ခိုက်ချိန် ၆ ဦးခန့်သေဆုံးခဲ့တယ်လို့ DGRF အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၂၂ ရက်ညနေ ၄ နာရီခန့်မှာ မောင်မယ်ရှောင်ရွာအနီးက တံတားအဖြူတဝိုက်မှာ မိုင်းရှင်းလင်းဖို့ရောက်လာတဲ့ စစ်ကောင်စီတပ်သား ၃၀ ခန့်ကို ၆၀ မမ ၂လုံး၊ မိုင်း ၃လုံးနဲ့ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အဲဒီလိုတိုက်ခိုက်ခံရတာကြောင့် မိုင်းမြုပ်ထားတဲ့အပေါ်မှာ တက်ထိုင်နေတဲ့ စစ်ကောင်စီတပ်သား ၆ ဦးခန့် လွင့်စင်တက်သွားပြီး ၃ ဦးမြေမှာပုံကျသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

သူတို့ကို အရေးပေါ်ကား ၅ စီးနဲ့လာရောက်တင်ဆောင်သွားပြီး နောက်ဆက်တွဲစုံစမ်းချက်အရ ၆ ဦးခန့်သေဆုံးပြီး ၁၂ ဦးခန့်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ တိုက်ခိုက်ခံရပြီးနောက်မှာ ပတ်ဝန်းကျင်ကို ရမ်းသမ်းပစ်ခတ်တာတွေလုပ်ဆောင်ခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေးအဖွဲ့သားတွေ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့တယ်လို့လည်းသိရပါတယ်။

အခုတိုက်ခိုက်ခံရတဲ့နေရာဟာ ထားဝယ်မြို့ကနေ ၇ မိုင်ခန့်အကွာက လမ်းပိုင်းနေရာဖြစ်ပြီး စစ်ကောင်စီယာဥ်တန်းတွေ လစဥ်လတိုင်း မကြာခဏဆိုသလို မိုင်းဆွဲတိုက်ခိုက်ခံနေရတဲ့နေရာလည်းဖြစ်ပါတယ်။

အခုလ ၁ရက်နေ့ကလည်း မောင်မယ်ရှောင်ကျေးရွာအနီးက ဘုရားမဲစစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်သားတွေဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

The Tanintharyi Times