ရေဖြူမြို့နယ် ထားဝယ်-ရန်ကုန်ကားလမ်းပေါ်မှာ စစ်ကောင်စီယာဥ်တန်းနှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခံရ

ရေဖြူမြို့နယ် ထားဝယ်-ရန်ကုန်ကားလမ်းပေါ်မှာ စစ်ကောင်စီယာဥ်တန်းနှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခံရ

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်က ထားဝယ်-ရန်ကုန်ကားလမ်းပေါ်မှာ ဒီနေ့မနက်ပိုင်းက နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ဒေသခံတွေထံကသိရပါတယ်။

နံနက် ၅ နာရီဝန်းကျင်က ထားဝယ်ဘက်ကနေသွားတဲ့ စစ်ကောင်စီယာဥ်တန်းတစ်ခု သက်ကယ်ကွက်ရွာအနီးမိုင်းဆွဲခံခဲ့ရတယ်လို့သိရပါတယ်။

နံနက် ၇ နာရီခွဲ ဝန်းကျင်မှာတော့ ကလိန်အောင်ဘက်ကနေ သက်ကယ်ကွက်ရွာဘက်ကို စစ်ကူသွားမယ့်စစ်ကားနှစ်စီး ကျောက်ရှပ်ရွာအနီး မိုင် ၄၀ ဝန်းကျင်မှာ ထပ်ပြီးမိုင်းဆွဲခံခဲ့ရတယ်လို့ သိရပါတယ်။

နှစ်ကြိမ်တိုက်ခိုက်ခံရမှုမှာ စစ်ကောင်စီတပ်သားထိခိုက်သေဆုံးသူများပြီး အတိအကျကိုတော့အတည်မပြုနိုင်သေးပါဘူး။

သေဆုံးတဲ့စစ်သားတွေရဲ့အလောင်းကို ကလိန်အောင်အခြေစိုက် ခမရ ၄၀၈ က လာရောက်သယ်ယူနေတာတွေရှိတဲ့အတွက် သေဆုံးတဲ့စစ်သားတွေဟာ ခမရ ၄၀၈ တပ်ရင်းကဖြစ်နိုင်တယ်လို့ဒေသခံတွေကခန့်မှန်းနေကြပါတယ်။

အဲဲဒီတိုက်ခိုက်မှုကိုဘယ်အဖွဲ့ကလုပ်ဆောင်ခဲ့တယ်ဆိုတာတော့မသိရသေးပါဘူး။

နေ့လယ်ပိုင်းမှာတော့ အဲဒီလမ်းတစ်လျှောက်မှာ စစ်ကောင်စီတပ်သားတွေခြေရှုပ်နေပြီး စစ်ဆေးတာတွေလုပ်ဆောင်နေတယ်လို့သိရပါတယ်။

The Tanintharyi Times