ရေဖြူက စစ်ကောင်စီသတင်းပေးလုပ်နေတဲ့ရွာသားတစ်ဦးကို နောက်ထပ်မပြုလုပ်ဖို့ သတိပေးဆုံးမ
ရေဖြူက စစ်ကောင်စီသတင်းပေးလုပ်နေတဲ့ရွာသားတစ်ဦးကို နောက်ထပ်မပြုလုပ်ဖို့ သတိပေးဆုံးမ
ရေဖြူမြို့နယ်၊ မူးဒူးကျေးရွာက အမျိုးသားတစ်ဦးကို စစ်ကောင်စီသတင်းပေးဆက်မလုပ်ဖို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက သူ့ရဲ့နေအိမ်ကို ဒီကနေ့မနက်မှာ သွားရောက်ကာ သတိပေး ပြောဆိုခဲ့ကြပါတယ်။
သတိပေးခံရသူ မူးဒူးကျေးရွာသားဟာကြံ့ခိုင်ရေးပါတီဝင်တစ်ဦးလည်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးထောက်ပို့တွေကို လိုက်လံစုံစမ်းပြီး စစ်ကောင်စီကိုသတင်းပေးနေသူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။
” အမှန်တိုင်းပြောရရင်ကျနော်တို့ကစစ်ဆေးမေးမြန်းပြီးရှင်းလင်းဖို့အထိအစီစဥ်ရှိပါတယ်။ ဒါပေမယ့်သူ့ဘက်ကဝန်ခံပြီးတောင်းပန်တာရယ်။ နောက်မလုပ်ဖို့ အာမခံပြီးကတိပေးတာကြောင့်။ ပြောဆိုဆုံးမပြီး ပြန်လာခဲ့တာပါ” လို့ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
တပ်ဖွဲ့ဝင်တွေ မှတ်တမ်းရိုက်ကူးထားတဲ့ ရုပ်သံထဲမှာတော့ ပြည်သူတွေဟာ ဘယ်ပါတီဖြစ်ဖြစ်ပါဝင်ခွင့်ရှိကြောင်း စစ်ကောင်စီသတင်းပေးတာမျိုးကိုတော့ ရှင်းလင်းသွားမှာဖြစ်ကြောင်းပြည့်သူ့ကာကွယ်ရေးတပ်ဘက်က ပြောဆိုထားပါတယ်။
ပထမအကြိမ်သတိပေးမယ်။ ဒုတိယအကြိမ်ဆိုရင်တော့ ကျည်ဆန်နဲ့ပဲလာတော့မယ်။နောက်တကြိမ်ဆိုရင်တာဝန်မယူတော့ဘူးလို့ တပ်ဖွဲ့ဝင်တွေက စစ်ကောင်စီသတင်းပေးဆိုသူကို ပြောဆိုနေတာလည်း တွေ့ရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖြစ်တဲ့အတွက်ပြည်သူကိုကာကွယ်သွားမှာဖြစ်ပြီး ပြည်သူဘက်ကိုပြောင်းဝလှည့်မှာမဟုတ်ဘူးလို့လည်းပြောဆိုထားပါတယ်။
The Tanintharyi Times
