ရေဖြူမြို့နယ် မှာ စစ်ကောင်စီခန့်တွဲဖက်အုပ်ချုပ်ရေးမှူးတစ်ဦးပစ်ခတ်ခံရပြီးသေဆုံး
ရေဖြူမြို့နယ် မှာ စစ်ကောင်စီခန့်တွဲဖက်အုပ်ချုပ်ရေးမှူးတစ်ဦးပစ်ခတ်ခံရပြီးသေဆုံး
ရေဖြူမြို့နယ် ၊ နတ်တွင်းကျေးရွာက စစ်ကောင်စီခန့် တွဲဖက်အုပ်ချုပ်ရေးမှူး တစ်ဦးပစ်ခတ်ခံရပြီးသေဆုံးခဲ့တယ်လို့သိရပါတယ်။
စစ်ကောင်စီသတင်းပေးလို့လည်းနာမည်ကြီးတဲ့ ဦးအောင်သန်း(ခ) နော်ဒဲကို ဒီနေ့မနက် ၁၁ နာရီအချိန်က နေအိမ်မှာ ရှင်းလင်းခဲ့တယ်လို့ Dawei Guerrilla Revolutionly Force-DGRF နဲ့ LaungLone People Defence Force-LLPDF တို့က ထုတ်ပြန်ထားကြပါတယ်။
” သေနတ်သံ ၄ချက်လောက်ကြားလိုက်ရတယ်။ အဲတုန်းကတော့ သေမသေမကြားရသေးဘူး။ အရေးပေါ်ကားနဲ့တင်ဆောင်သွားတယ်။ နောက်မှသေသွားပြီလို့ကြားရတယ်” လို့ဒေသခံရွာသားတစ်ဦးကပြောပါတယ်။
အဲဒီနောက်မှာ နတ်တွင်းရွာအုပ်ချုပ်ရေးမှုး ဦးမင်းမင်းရဲ့နေအိမ်ကိုပစ်ခတ်ဖို့ သွားရောက်ချိန်မှာ နေအိမ်ကနေ တိမ်းရှောင်လွတ်မြောက်သွားခဲ့တယ်လို့ DGRF အဖွဲ့ကနေသိရပါတယ်။
အုပ်ချုပ်ရေးမှူးရဲ့နေအိမ်မှာ CCTVကင်မရာတွေတပ်ဆင်ထားပြီး ဖျက်ဆီးဖို့အချိန်မရတာကြောင့် လုံခြုံရေးလိုအပ်ချက်အရ CCTVရှိတဲ့ဆိုင်ခန်းကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။
နတ်တွင်းကျေးရွာမှာ နောက်ထပ် နာမည်ကြီး စစ်ကောင်စီသတင်းပေး ၄ ဦး သုတ်သင်ဖို့ ကျန်ရှိနေသေးပြီး ပြည်သူဘက်ကိုအမြန်ဆုံးအချိန်မီကူးပြောင်းလာဖို့ DGRF နဲ့ LLPDF တို့က သတိပေးထုတ်ပြန်ထားပါတယ်။
“သူတို့အုပ်စုက ပေါ်ပေါ်ထင်ထင်ကိုစစ်တပ်နဲ့ပူးပေါင်းလုပ်ဆောင်နေတာပါ။ အတတ်နိုင်ဆုံးအသက်တွေ ဆုံးရှုံးရအောင် နောက်ထပ်လူတွေကို ဆက်စောင့်ကြည့်ပါ့မယ်။ အမြင်မှန်မရဘဲ ဆက်လုပ်နေရင်တော့ ပုန်းရှောင်နေလည်းလွတ်မှာမဟုတ်ဘူး။ ကျွန်တော်တို့ပြည်သူတွေနဲ့ အချိန်မီအမြန်ဆုံးပူးပေါင်းတာကပဲ အကောင်းဆုံးဖြစ်ပါလိမ့်မယ်လို့အကြံပြုချင်ပါတယ်” လို့ DGRF ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူကပြောပါတယ်။
ပြည်သူနဲ့မပူးပေါင်းဘူးဆိုရင် အချိန်မရွေး၊ နေရာမရွေးသုတ်သင်ရှင်းလင်းမယ်လို့လည်း DGRF နဲ့ LLPDF တို့က သတိပေးထားကြပါတယ်။
The Tanintharyi Times
